Monday, December 12, 2011

သမိုင်းထဲက ပျောက်ဆုံးနေသော နေစကြ၀ဠာမှ ဂြိုဟ်ကြီးနီဘီးရု

ကျွန်တော်တို့ ကျောင်းသင်္ခန်းစာတွေထဲက ပဉ္စမတန်းလောက်မှာ နေစကြ၀ဠာဆိုတဲ့အကြောင်းသင် ခဲ့ရပါတယ်။ နေကို ဗဟိုပြုပြီး ဂြိုဟ်ကြီးကိုးလုံးက လှည့်ပတ်နေတဲ့ နေစနစ် Solar System အကြောင်းပါ။ ကျွန်တော်ဘဲ နောက်ထပ် အဲဒီကျောင်းသင်္ခန်းစာကို မဖတ်ဖြစ်သေးလို့လား လို့ မဆိုနိုင်ဘူး။ တော်တော်လေး
ခေတ်နောက်ကျနေတဲ့ ကျောင်းသင်္ခန်းစာတစ်ခုပါ။ ခုဆိုရင် ဂြိုဟ်ကြီးကိုးလုံးလို့ မပြောတော့ပါဘူး။ နက္ခတ္တ ပညာအစည်းအရုံးက ပလူတို (Pluto) ဂြိုဟ်ဟာ ဂြိုဟ်အဆင့်အတန်းနဲ့ မညီလို့ဆိုပြီး ဂြိုဟ်စာရင်းက ပယ်ဖျက် ထားလို့ ဂြိုဟ်ကြီးရှစ်လုံးဘဲ ရှိပါတော့တယ်။ ဒါတွေက ကျောင်းသင်္ခန်းစာအလိုအရပေါ့။
ခုတော့ အမြင်သစ်နဲ့ပုဂ္ဂိုလ်တွေ ပေါ်လာခဲ့ပါပြီ။ ရှေးဟောင်းသုတေသနပညာရှင် အထူးသဖြင့် ဇီချားရီး ယားဆစ်ချင် (Zecharia Sitchin) နဲ့ အဲရစ်ဗွန်နစ်ကင်တို့လို ပညာရှင်တွေက လွန်ခဲ့တဲ့နှစ်ပေါင်းခြောက်ထောင် လောက်က မက်ဆိုပိုတေးနီး ယားဒေသမှာ ယဉ်ကျေးမှုထွန်းကားခဲ့တဲ့ ``ဆူးမား´´(Sumer) အမည်ရတဲ့ လူမျိုးစုတို့ရဲ့ ကျန်ရစ်ခဲ့တဲ့ ရွံ့စေးပြားပေါ်ကစာတွေ၊ ဆလင်ဒါဆီးလ် လို့ခေါ်တဲ့ ဆလင်ဒါပုံဒလိမ့်တုံးတွေရဲ့အမှတ်အသားတွေ ရေးထွင်းခဲ့တဲ့ ကျောက်စာတွေကို လေ့လာပြီး ဘာသာပြန်လိုက်တဲ့အခါ နေစကြ၀ဠာရဲ့သမိုင်းကြောင်းမှာ ခုရှိနေတဲ့ဂြိုဟ်ကြီးတွေအပြင် နီဘီးရု (Nibiru) အမည်ရတဲ့ဂြိုဟ်ကြီးတစ်လုံးရှိတဲ့အကြောင်းနဲ့ အဲဒီဂြိုဟ်ကြီးကြောင့် နေစကြ၀ဠာရဲ့ ရာဇ၀င်က ပြောင်းလဲ သွားသလို လူသားတွေရဲ့အစ သမိုင်းကြောင်းကိုလည်း ဖော်ပြနေတဲ့ အကြောင်းအရာတွေ တွေ့ရှိလာရတယ်။ စိတ်ဝင်စားဖွယ်ကောင်းလှပါတယ်။ ဒီအယူအဆတွေဟာ အားလုံးက တညီတညွှတ်တည်း သဘောတူထား တဲ့ အကြောင်းအရာတွေတော့ မဟုတ်ပါဘူး။ တစ်ချို့ကလည်း ဆစ်ချင်တို့အဖွဲ့ ဘာသာပြန်မှားနေတယ် လို့ ထောက်ပြကြတယ်။ ဒါပေမဲ့ အဲဒီအကြောင်းဖော်ပြထားတဲ့ စာအုပ်တွေကတော့ ကမ္ဘာ့ရောင်းအကောင်း ဆုံးစာအုပ်တွေဖြစ်ခဲ့ကြတယ်။ နောက်ပျောက်ဆုံးနေတဲ့ နီဘီးရုဂြိုဟ်ကြီးကလည်း 2012 မှာ ကမ္ဘာဘက်ဆီ သို့ပြန်လာမယ်ဆိုတဲ့ ထင်မြင်ချက်တွေလည်း ဖြစ်ပေါ်နေပါတယ်။ အဲဒီအကြောင်းကို စာရေးသူ ဆောင်းပါး တစ်ပုဒ်ရေးထားပါတယ်။ ဖတ်ကြည့်ပါ။ ဝေဖန်ပါ။

နီးဘီးရုဂြိုဟ်ကြီး



ကျွန်ုပ်တို့နေစကြ၀ဠာ
မဟာစကြ၀ဠာကြီးသည် အတိုင်းအတာအတိအကျမသိနိုင်အောင်ပင် ကျယ်ပြန့်နက်ရှိုင်းလှသည်။ ဤ အပြောကျယ် လှသော မဟာစကြာဝဠာကြီးထဲတွင် ဖုန်မှုန့်များ၊ ဓါတ်ငွေ့များ၊ ကြယ်များ၊ တွင်းနက်ကြီးများ၊ မျိုးစုံသော ကြယ်စုကြီး များ (Galaxy) ကုဋေ၊ကုဋာမကတည်ရှိနေကြသည်။ ဤကုဋေ၊ကုဋာမက တည် ရှိ နေသော ကြယ်စုကြီးများတွင်မှ (Milky way Galaxy) ခေါ် နဂါးငွေ့တန်း ကြယ်စုကြီး၏ အစွန်ဘက်ကျသော အိုရီယွန် လက်တန် (Orion Arm) တွင် ကျွန်တော်တို့၏ နေစကြ၀ဠာ တည်ရှိနေသည်။ နေစကြ၀ဠာ (Solar System) တွင် ယခုလက်ရှိ ရှာဖွေတွေ့ရှိမှုများအရ နေကိုဗဟိုပြု၍ ဂြိုဟ်ကြီးကိုးလုံး လှည့်ပတ်လျက်ရှိနေသည်။ ယင်းဂြိုဟ်များတွင် အတွင်းဂြိုလ် (Inner Planets) များနှင့် အပြင်ဂြိုဟ်များ (Outer Planets) ဟု ခွဲခြားနိုင် သည်။ ယင်းအတွင်းဂြိုဟ်များနှင့် အပြင်ဂြိုဟ်များကို ဂြိုဟ်ပဲ့ခါးပတ် (Astroid Belt) က ပိုင်းခြားထားသည်။ သို့ အတွက်ကြောင့် နေဘက်မှစတင်၍ အစီအစဉ်အတိုင်း ဖေါ်ပြရလျှင် မာကျူရီ (သို့) ဗုဒ္ဓဟူးဂြိုဟ် (Mercury) ၊ ဗီးနပ်စ် (သို့) သောကြာဂြိုဟ် (Venus) ၊ ကမ္ဘာဂြိုဟ် (Earth) ၊မားစ် (သို့) အင်္ဂါဂြိုဟ် (Mars)၊ ဂြိုလ်ပဲ့ခါးပတ် (Astroid Belt)၊ ဂျူပီတာ (သို့) ကြာသာပတေးဂြိုဟ် (Jupiter)၊ စေတန် (သို့) စနေဂြိုလ် (Saturn) ယူရေးနပ် ဂြိုဟ် (Uranus) ၊ နက်ပကျူးဂြိုဟ် (Neptune) နှင့် နောက်ဆုံးနေနှင့်အဝေးဆုံးတွင် ပလူတိုဂြိုလ် (Pluto) တို့ တည်ရှိနေကြသည်။ ယင်းဂြိုဟ်ကြီးကိုးလုံးထဲတွင်မှ အလယ် အလတ် စားရှိဂြိုဟ်တစ် လုံးဖြစ်သော မြေကမ္ဘာ ပေါ် တွင် ကျွန်တော်တို့လူသားများနေထိုင်လျှက်ရှိကြသည်။
လူသားများ၏အရွယ်အစားမှာလည်းစကြ၀ဠာနှင့် မနှိုင်းယှဉ်လောက်အောင် ပင်သေးငယ်လှသည်။ ထိုသေးငယ်လှသောအရွယ်အစားနှင့်အတူ အခြားသတ္တ၀ါများနှင့် ကွဲပြားခြားနားသော




အသိဥာဏ်ကိုဖြစ်ပေါ်စေသော ဦးနှောက်၏အရွယ်အစား သည်လည်း (၁၂၀၀) ကုဗစင်တီမီတာ ခန့်သာရှိ ၍ သေးငယ်လွန်းလှသည်။ ဆိုလိုသည် မှာ ကျွန်ုပ်တို့လူသားများသည် ကမ္ဘာပေါ်တွင်တည်ရှိနေသမျှသော သတ္တ၀ါအားလုံး အပေါ်တွင် ``မဟာလူသား´´ အဖြစ်အသိဥာဏ်ကိုအားပြုပြီးလွှမ်းမိုး ချုပ်ကိုင်နိုင်သော် လည်း စကြ၀ဠာထဲတွင်ကား ထိုကဲ့သို့လွှမ်းမိုးချုပ်ကိုင်နိုင်လိမ့်မည်ဟု မထင်မိပေ။ အလွန်သေးငယ်သော ဦးနှောက် သည် ကမ္ဘာမြေအတွက်သာလုံလောက်မည်ထင် မိသည်။ လူသားများအနေနှင့်သိရှိရန် ခက်ခဲသောအခြားဖြစ် တည်မှုများသည်လည်း ကျွန်ုပ်တို့ကမ္ဘာ၏အပြင်ဘက်တွင်တည်ရှိနေနိုင်သည်။

ဆူမားလူမျိုးစုတို့၏ လူသားအစအယူအဆများ
ဤသို့သောတွေးခေါ်မှုသည် သဘောတရားသက်သက်သာမဟုတ်ဘဲ အလွန်ပင်လက်တွေ့ဆန်သော အတွေး အခေါ်ဖြစ်သည်ကို လွန်ခဲ့သောနှစ်ပေါင်း (၆၀၀၀) ခန့်ကတည်ရှိခဲ့သော ဆူမားရီးယန်းလူမျိုးစုတို့မှ သက်သေ ထူခဲ့ကြ သည်။ ယင်းလူမျိုးစု များ၏ ကျူနီဖေါင်းစာများ၊ ကျောက်တုံးများပေါ်တွင်ထွင်းထုထားချက်များ၊ ကျောက် ရုပ်ထုများ၊ နံရံများပေါ်တွင်ဆွဲသားထားခဲ့သည်ရုပ်ပုံများတွင် ကျွန်ုပ်တို့လူသားများသည် မနုဿဗေဒပညာရှင် များတွေးထင်ထားခဲ့သလို ပင်လယ်ပြင်မှ သက်ရှိများစတင်ဖြစ်ပေါ် လာသည်ဟူသောအယူအဆ၊ ဒါဝင်၏ အယူ အဆအရ မျောက်များမှဆင်းသက်လာ သည့် အယူအဆတို့မှဆန့်ကျင်လျှက် အာကာသအတွင်း အသိဥာဏ် ပညာအား ဖြင့် အလွန်မြင့်မားသော ဂြိုလ်သားများ၏မျိုးဗီဇများနှင့် ကမ္ဘာပေါ်တွင် သမိုင်းအစတည် ရှိ နေသော သက်ရှိသတ္တ၀ါတို့၏မျိုးဗီဇတို့အား မျိုးဗီဇအင်ဂျင်နီယာနည်း (Genetic Engineering) ဖြင့် ဖန်တီးထားသော မနုဿစက်ရုပ်များ (Android Being) သာဖြစ်သည်ဟုဖေါ်ပြထားခဲ့သည်။ ယင်းဖေါ်ပြချက်များနှင့်ပတ်သက်၍



လွန်ခဲ့သောနှစ်ပေါင်း(၆၀၀၀) ကလူများ သည် ယခုခေတ်လူသားများကဲ့သို့ အသိဥာဏ်ပညာကြီးမြင့်သူများ မဟုတ်၊ သိပ္ပံပညာ လည်းမထွန်းကား သို့အတွက်ကြောင့်ထိုသူတို့၏အယူအဆသည် ဘာမှအရေးမဟုတ်၊ မကြီးမကျယ်။ မှန်းဆရမ်းဆမှုများသာဖြစ်သည်ဟု ယူဆလိုသူတွေရှိကောင်းရှိပေလိမ့် မည်။ သို့သော် နှစ် (၆၀၀၀)ကျော်ယဉ်ကျေးမှုထွန်းကားစဉ်က တည်ရှိနေခဲ့သော သင်္ချာဆိုင်ရာအသိပညာ များ၊ ပြက္ခဒိန်ဖန်တီး ထားရှိခဲ့ မှုများသည် ယခုအချိန်ထိခေတ်မီ နေသည်။ နေစကြ၀ဠာဆိုင်ရာ အတွေးအခေါ်များတွင်လည်း ယခုခေတ်နောက် ဆုံး တွေ့ရှိမှုများထက် ပိုမိုပြည့်စုံတိကျနေသည်။ ထို့အပြင် လက်ရှိအခြေအနေအရ မတွေ့နိုင်သေးသော ဒသမမြောက်ဂြိုလ်ကြီးတစ်လုံးရှိကြောင်းကိုလည်းဖော်ပြထား ခဲ့သည်။ မျက်မှောက်ခေတ်တွင် ယင်းဂြိုဟ်ကြီးကြောင့်ပင် ကမ္ဘာကြီးအတွက် စိုးရိမ် သောကဖြစ်စရာ များဖြစ်ပေါ်နေရ သည်ဟု သိရှိလာခဲ့လျှင်ကားသူတို့၏ အသိပညာ အဆင့်အတန်းကို အထင်သေးမိမည်မဟုတ်တော့ပေ။

ဆူမားရီးယန်း (သို့) ဦးခေါင်းအမည်းနှင့်လူမျိုးစုများ
ဆူမားရီးယန်း (Sumerian) အမည်သည် ယင်းလူမျိုးစုများအား အခြားသောလူမျိုးစုများမှပေးထားသော အမည်ဖြစ် သည်။ ဆူမားရီးယန်းများကား သူတို့ကိုသူတို့ ''ဆက်ဂီဂ'' (Sag - gi - ga) ဟုခေါ်ဝေါ်ပြီး အဓိပ္ပါယ်မှာ ဦးခေါင်း အမည်း နှင့်လူမျိုး (The Black-headed သူတို့နေထိုင်ရာနယ်မြေ ကိုလည်း ``ယဉ်ကျေးသောအရှင်သခင်များ၏နယ်မြေ´´ (Place of the civilized Lords) ဟု ခေါ်ဝေါ်ခဲ့ကြသည်။



ယင်းနယ်မြေကား ယူဖရေးတီးနှင့် တိုက်ဂရစ်မြစ် (Euphrates and Tigris) တို့ ဆုံရာမြစ်ဝှမ်းဒေသ၀န်းကျင် ပါရှမ်ပင်လယ်ကွေ့နေရာ ပင်ဖြစ်သည်။ ယင်းလူမျိုးတို့၏<ကင်းကျန်ရစ်သောပစ္စည်းများအားကာဗွန် (၁၄) နည်းဖြင့် စစ်ဆေးကြည့်ရာတွင် ခရစ်မပေါ်မီ (၅၂၀၀ မှ ၄၅၀၀) အတွင်း ထွန်းကားခဲ့သောလူမျိုးစုများဖြစ်ကြပြီး ယင်းတို့၏ယဉ်ကျေးမှု၊ ဘာသာစကား၊ တို့ကောင်းစွာဖွံ့ဖြိုးခဲ့သည်လူမျိုးစုများဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။ ယင်းလူမျိုးများနှင့် ပတ်သက်သော တူးဖေါ်မှုများမှရရှိသော ရှေးဟောင်းစာများ၊ ရုပ်ထုများနှင့် ရရှိသမျှ သော သမိုင်း အထောက်အထားများအားအခြေပြု၍ ကျွန်ုပ်တို့၏လူသားများသမိုင်းအစ (သို့) နေစကြ၀ဠာ၏ သမိုင်း အစ ကိုတွေ့ရှိရသော အချက်အလက်များနှင့် ကိုက်ညီအောင် ပြန်လည် တည်ဆောက်ကြည့်ပါ က အောက်ပါအ တိုင်းတွေ့ရှိနိုင်သည်။

ဆူးမားရီးယမ်းတို့၏နေစကြ၀ဠာ
လွန်ခဲ့သောနှစ်ပေါင်းသန်း(၂၀၀)ကဖြစ်သည်။ ကျွန်ုပ်တို့၏နေစကြ၀ဠာတွင်းရှိ ဂြိုလ်များ၏တည်ရှိပုံမှာ ယခုကဲ့သို့ မဟုတ်ခဲ့ပေ။ နေ၊ မာကျူရီ၊ မားစ်၊ တိုင်းရာမက် (Tiamat) ၊ ဂျူပီတာ၊ စေတန်၊ ယူရေးနပ်စ်၊ အမည်မသိ ဂြိုဟ်တစ်လုံး၊ နက်ပကျူးနှင့်၊ ပလူတိုတို့တည်ရှိခဲ့ကြသည်။ အထက်ပါ ဂြိုဟ်ကြီးကိုးလုံးသည် အရံလ (moons) များနှင့်အတူ တည်ရှိခဲ့ကြသည်။ ယင်းဂြိုဟ်များထဲမှ တိုင်းရာမက်ဂြိုဟ်ကြီးသည် ယခုခေတ် ကမ္ဘာကြီးနှစ်လုံးစာခန့် အရွယ်အစားကြီးမား၍ လ များလည်းအများအပြား တည်ရှိခဲ့သည်။ ထို့ပြင် ကြီးမားသောကုန်းမြေ အစုအဝေးနှစ်ခုနှင့် ရေလည်းတည်ရှိ နေသည်။ ယင်းဂြိုဟ်ကြီးသည် မားစ်နှင့် ဂျူပီတာ အကြားတွင် တည်ရှိနေ၍ အောက်ဆီ ဂျင် (Oxygen) ပါဝင်မှုများသော လေထုလည်းတည်ရှိနေသည့် အတွက် သက်ရှိများ လည်းဖြစ်ပေါ်တည်ရှိနေသည်။ ထိုအခါက ဒိုင်နိုဆော(Dinosaurs) ကဲ့သို့သော ကြီး မားသည့် သက်ရှိကြီးများလည်း ထိုဂြိုဟ်ကြီးပေါ်တွင် ဖြစ်ထွန်းနေသည်။ ထို့အတူ ကမ္ဘာနှင့် အိမ်နီးချင်းဖြစ် သော အင်္ဂါဂြိုလ် တွင်လည်း လေထုတည်ရှိနေကာ နို့ တိုက်သတ္တ၀ါများနှင့်အပင် များလည်းဖြစ်ထွန်း တည်ရှိ နေသည်။ ထိုကဲ့သို့ နေစ ကြ၀ဠာ ဖြစ်တည်ရှိနေသည့် နည်းတူနေ စကြ၀ဠာနှင့် အ လွန်ဝေးကွာရာ အရပ်တွင် အခြား နေစကြ၀ဠာတစ်ခု သည်လည်း တည်ရှိနေ သည်။ ယင်းစကြ၀ဠာမှာ အိုစီရစ် (Osiris) အမည်ရှိ သော ကြယ်ကြီးအား ဗဟို ပြု၍ ဂြိုဟ်များဝိုင်းရံနေသော စကြ၀ဠာ နောက်တစ်ခုဖြစ်သည်။ လှည့်ပတ်နေသော ဂြိုဟ်ကြီးများ တွင်နီဘီးရု (Nibiru) အမည်ရှိသော ဂြိုဟ်ကြီးသည်လည်းတစ်ခုအပါအ၀င်ဖြစ်သည်။ တစ်ခါသော် အိုစီရစ် စကြ၀ဠာအတွင်းတွင် အလွန်ကြီးကျယ်သော ဂြိုဟ်အချင်းချင်းတိုက်ခိုက်မှု (Cosmic collision) တစ်ခု သည် လှည့်ပတ်နေသော ဂြိုဟ်ကြီးများအတွင်းဖြစ်ပေါ်ခဲ့သည်။



ထိုသို့တိုက်ခိုက်မှုအရှိန်ကြောင့်အိုစီရစ်စကြ၀ဠာအတွင်းရှိ နိဘီးရုခေါ်ဂြိုလ်ကြီးသည် ကျွန်ုပ်တို့၏နေစကြ၀ဠာ ဘက်သို့လမ်းကြောင်းပြောင်းလဲကာရောက်ရှိလာတော့သည်။
ဝင်လာရောက်ခဲ့သော ဂြိုဟ်ကြီး နီဘီးရုတွင် ကိုယ်ပိုင်လများလည်း ပါဝင်ခဲ့သည်ဖြစ်ရာ ယင်းတို့ထဲမှ လ တစ်စင်းသည်မားစ်ဂြိုဟ်ကြီးနှင့်ဝင် ရောက်တိုက်မိတော့သည်။ ယင်းသို့ တိုက်မိခြင်းကြောင့် မားစ်သည် လည်း လေထု လွှာဆုံးရှုံးသွားရ၍ ယင်းဂြိုဟ် ပေါ်တွင်ဖြစ်ထွန်းတည်ရှိနေသော သက်ရှိများနှင့်အပင်များ မျိုးတုံး ပျောက် ကွယ်သွားခဲ့သည်။ ထို့အတူ နီဘီးရုဂြိုလ်ကြီးသည်လည်း တိုင်းရား မက်ဂြိုဟ်ကြီးနှင့် ၀င်ရောက် တိုက်မိ ပြန်သည်။ သို့အတွက် တိုင်းရားမက် ဂြိုဟ်ကြီးမှာလည်း အစိတ်အပိုင်း နှစ်ခုကွဲထွက်သွားကာ တစ်ခု သည် အစိတ်စိတ်အမွှာမွှာကွဲကြေ၍မားစ်နှင့် ဂျူပီတာဂြိုဟ်ကြီးအကြားတွင်ဂြိုဟ်ပဲ့ ခါးပတ်အဖြစ်ဖြစ်ပေါ်လာ




ခဲ့သည်။ အခြားတစ်ခုမှကမ္ဘာဂြိုဟ်ဖြစ်ပေါ်လာ ခဲ့သည်။ ထိုတိုက်ခိုက်မှုကြောင့် ကမ္ဘာ ပေါ်တွင်ဖြစ် ထွန်းနေသော သက်ရှိ အများစုဒိုင်နိုဆောများ လည်း မျိုးတုံးပျောက်ကွယ်သွား ခဲ့ရ သည်။ နေစကြ၀ဠာ အတွင်းဝင် ရောက်လာသော ဂြိုဟ်ကြီးနီဘီးရုမှာ လည်း ကျွန်ုပ်တို့၏နေမင်းကြီး၏ ဆွဲငင်အားကို မလွန်ဆန်နိုင် သည့် အတွက် နေစကြ၀ဠာအပါအ၀င်ဂြိုဟ် ကြီးတစ်ခုအဖြစ်ရောက်ရှိသွားကာ နေကြီးအားနှစ်ပေါင်း (၃၆၀၀) လျှင် တစ်ပတ်ကျ ရှည်လျားသည့် အီလစ်ပုံလမ်းကြောင်းဖြင့် လှည့်ပတ်တည်ရှိနေခဲ့သည်။ ထို့ကြောင့်


ကျွန်ုပ်တို့နေစကြ၀ဠာသည် ဂြိုဟ်ကြီးကိုးလုံးလှည့်ပတ်နေခြင်းမဟုတ်ဘဲ ဆူမားရီးယန်း တို့၏ အယူအဆ အရဂြိုဟ်ကြီး ဆယ်လုံးသည်ယင်းတို့၏ လများနှင့်အတူ လှည့်ပတ် တည်ရှိနေသည်။ ယင်းတို့မှာ မာကျူရီ၊ ကမ္ဘာ၊ အင်္ဂ်ါဂြိုဟ်၊ ဂြိုဟ်ပဲ့ခါးပတ်၊ ဂျူပီတာ၊ စေတန်၊ ယူရေးနပ်စ်၊ နီဘီးရု၊ နက်ပကျူးနှင့် ပလူတို့တို့ ဖြစ်ကြ သည်။



အထက်ဖေါ်ပြပါနေစကြ၀ဠာတည်နေပုံတို့သည် ဆူမားရီးယန်းလူမျိုး စုများ၏ မှတ်တမ်းမှတ်ရာ၊ သမိုင်းအထောက် အထားများအပေါ်တွင် မူတည်၍ ပြန် လည်တည်ဆောက်ထားသော နေစကြ ၀ဠာ၏ရာဇ၀င် ပင်ဖြစ်သည်။ ထိုဒသမ မြောက်ဂြိုဟ်ကြီးဖြစ်သည့် နီဘီးရုသည် ခေတ်ပြိုင်အခြားလူမျိုးစုများ ၏ ရှေးဟောင်း စာပေများ တွင်လည်း နာမည်အမျိုးမျိုးနှင့် ပါဝင်နေသည်။ သို့သော် ဆိုမားရီးယန်း တို့သည် နေစကြ၀ဠာ၏ သမိုင်းကြောင်းကိုသာ ဖေါ်ပြခဲ့ခြင်း မဟုတ်ဘဲ လူသားများ၏သမိုင်းကြောင်းကိုလည်း ဖေါ်ပြခဲ့သည်။ ယင်းဖေါ် ပြထားချက်တို့အားစုစည်း၍ ပြန်လည်တည်ဆောက်ထားသောအယူအဆတို့ကို ဖေါ်ပြရမည်ဆိုလျှင်-

လူသားတို့၏သမိုင်းအစ
အထက်ဖေါ်ပြပါအတိုင်း နှစ်ပေါင်း ၃၆၀၀ လျှင်တစ်ပတ်ကျနေ ကိုလှည့်ပတ် နေသောဂြိုဟ်ကြီးနီဘီးရု သည် နေစကြ၀ဠာသို့လာရောက်ခဲ့သည့်တစ်ခုသော အခေါက်တွင်ကား သက်တမ်းအားဖြင့် နှစ်ထောင်ပေါင်း များစွာ အသက် ရှည်ကြပြီး အသိဥာဏ်ပညာ (သို) သိပ္ပံပညာအားဖြင့် အလွန်အဆင့်မြင့်လှသော ဂြိုဟ်သား (Alien)တို့ ရောက်ရှိလာခဲ့သည်ဆိုသည်။ ယင်းဂြိုဟ်သားများသည် ကျွန်ုပ်တို့အိမ်နီးချင်း ဆီးရီးယပ်စ် (Sirius) ခေါ်ကြယ်ကြီးရှိ ဂြိုဟ်တစ်ခုမှဂြိုလ်သား များဖြစ်ပြီး အာကာသတွင်းတစ်နေရာမှတစ်နေရာသို့ ဂြိုဟ်ကြီးများကို အာကာသယာဉ် များသဖွယ်စီးနင်းရင်းသွားလာနေကြသူများဖြစ်ကြသည်။ ၎င်းင်းတို့သည် နီဘီးရု ဂြိုလ်ကြီးနှင့် နေကြီးတစ်ပတ်ခရီးနှင်နေစဉ်အတွင်း သူတို့ဂြိုဟ်ကြီး၏ လိုအပ်ချက် များအရ အဖိုးထိုက် တန်သော သတ္ထုပစ္စည်းများရှာဖွေရန် ကမ္ဘာမြေသို့ရောက်ရှိ လာကြခြင်းဖြစ်သည်။ ကမ္ဘာမြေပေါ်သို့ဆင်း သက်ခဲ့ပြီးနောက်အလိုရှိသော သတ္ထု ပစ္စည်းများရှိကြောင်း သိရှိရသောအခါ ကမ္ဘာမြေပေါ်တွင်နေထိုင်လျက် သတ္ထုများ တူးဖေါ်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ထိုအဖွဲ့တွင် အန်နန်နာကီ (Annunaki) ခေါင်းဆောင်ဂြိုဟ်သား များနှင့် အယ်လ်ဂီဂီ (Lgigi) ခေါ်လက်အောက်ခံအလုပ် သမား ဂြိုဟ်သားများ ပါဝင်ကြသည်။




အခြေချနေထိုင်ရန်ဆုံးဖြတ်ပြီးသော အခါ သူတို့သည် အန်နန်နာကီ ဂြိုလ်သားသုံးဦး အား ခေါင်းဆောင်အဖြစ်တင်မြှောက်ခဲ့ကြသည်။ ယင်းသုံးဦးတို့အား နတ်ဘုရားသုံးပါး (The Triad of Gods) ဆူမားရီးယမ်း တို့၏ကျူနီဖောင်းစာများတွင် ဖေါ်ပြထားခဲ့သည်။ ယင်းနတ်ဘုရားသုံးပါးတို့မှာ အဲနု (Anu) ၊ အဲန်လီ (Enlil) ၊ နှင့် အဲန်ကီ (Enki) တို့ဖြစ်ကြသည်။ ထို့နောက် အန်နန်နာကီတို့အားအုပ်ချုပ်ရန် နတ်ဘုရား(၁၂) ပါး ကိုလည်းထပ်မံရွေးချယ် ခဲ့ပြန်သည်။ ဤ သို့ ကမ္ဘာ ပေါ်တွင်နှစ်ပေါင်းမြောက် မြား စွာနေထိုင် ခဲ့ကြသည်။နီဘီးရုဂြိုဟ်ကြီးမှာလည်းနှစ် ပေါင်း (၃၆၀၀) ကြာတိုင်း နေကြီးအား တစ်ပတ်ပြည့် ပုံမှန်လှည့်ပတ် လျက်ရှိ သည်။ သို့သော် ခရစ်မပေါ် မီ နှစ်ပေါင်း (၃၅၀၀၀၀) အချိန်တွင်ကား အယ်လ် ဂီဂီ ခေါ်အလုပ်သမားဂြိုဟ်သားများ သည် သူတို့ခေါင်းဆောင် အားသူတို့မလုပ်ကိုင် လို သောအလုပ်များကို လုပ်နိုင် သောကျွန် (Slave) တစ်မျိုးအားဖန်တီးပေးရန် သူတို့၏ခေါင်းဆောင်အဲန်ကီအား တောင်းဆိုခဲ့သည်။



အဲန်ကီကား အလွန်တော်သော သိပ္ပံပညာရှင်တစ်ယောက်ဖြစ် သည်။ အဲန်ကီသည် သူတို့၏မျိုးဗီဇ (Genes) နှင့် ကမ္ဘာပေါ်တွင် စတင်ဖြစ်ပေါ် နေသော သက်ရှိများ၏မျိုးဗီဇတို့ကို ပေါင်းစပ်စေ၍ လုလု (Lulu) ဟုခေါ်သော ကျွန်အလုပ်သမား တစ်မျိုးကို ဖန်တီးခဲ့သည်။ ယင်းဖန်တီးမှုတွင် ချို့ယွင်းချက်တစ်ခုကား ရှိနေခဲ့သည်။ ချို့ယွင်းချက်မှာဖန်တီးထားသော လုလုခေါ်ကျွန်များသည် မိမိတို့ ကိုယ်တိုင်မျိုးပွားခြင်းကို မဆောင် ရွက်နိုင်ကြခြင်းဖြစ်သည်။

မိမိကိုယ်တိုင်မျိုးပွားနိုင်သောလူသားနှင့်လ
သို့အတွက် အဲန်ကီသည် သူ၏မိဖုရား နင်ဟားဆက် အကူအညီဖြင့် မိမိဖာသာမျိုးပွားနိုင်၍ အသိဥာဏ် ရှိသောမျိုးနွယ် သစ်တစ်ခုကို မျိုးဗီဇ အင်ဂျင်နီယာနည်းဖြင့် ထပ်မံဖန်တီးနိုင်ခဲ့သည်။ ယင်းမျိုးနွယ်စုသည်ကား (Human Being) လူသားမျိုးနွယ်စုပင်ဖြစ်သည်။ ထိုအချိန်ကဖန်တီးခဲ့သော လူသား မျိုးနွယ်တို့မှာ အရွယ် အစားအားဖြင့်ကြီးမားလှပြီး သက်တန်းလည်း သိန်းဂဏန်းအထိ အသက်ရှင် သန်နိုင်ခဲ့ကြသည်။ ထို့နောက်တွင် လူသားမျိုးနွယ်စုများပွားများလာကြပြီး ကမ္ဘာအရပ်ရပ်သို့ ပျံ့နှံ့ရောက်ရှိလာကြသည်။ ထိုအခါ အန်နန်နာကီ တို့မှ လူသားများနှင့်ဆက်ဆံမှုပိုမိုအဆင်ပြေစေရန်အတွက် မြို့ပြအိမ်ယာများတည် ထောင်စေပြီး အုပ်ချုပ် မည့် ဘုရင် စနစ်ကိုလည်း ထူထောင်စေခဲ့ကြသည်။ ထိုအချိန် အထိလည်း နီဘီးရုဂြိုဟ်ကြီးမှာကား ပုံမှန်လှည့်ပတ် လျက်ရှိ နေခဲ့သည်။ သို့သော် ခရစ်မပေါ်မီနှစ်ပေါင်း ၇၀၀၀၀ ခန့်တွင်ကား နီဘီးရု ဂြိုဟ်ကြီး၏၀န်းကျင်တွင် ဂြိုဟ်အချင်းချင်း တိုက်ခတ်မှုများ တစ်ဖန်ဖြစ်ပေါ်ခဲ့ပြန်သည်။ ထို့ကြောင့် ဂြိုဟ်ကြီးသည် ပုံမှန်လမ်းကြောင်း မှသွေဖီကာ အန်နန်နာကီတို့ မမျှော်လင့်သော ကမ္ဘာနှင့်အနီးဆုံး ပတ်လမ်းမှ ၀င်ရောက်ရှိလာခဲ့သည်။



သို့အတွက်ကြောင့် ကမ္ဘာပေါ်တွင် ဂြိုဟ်ကြီး၏ ဆွဲအားကြောင့် ရေလွှမ်းမိုးမှုအကြီးအကျယ်ဖြစ်ပေါ်ခဲ့သည်။ ဤသည်ကိုလည်း သမ္မာကျမ်းစာများတွင် ဖေါ်ပြထား ရှိခဲ့သည်။ ၀င်ရောက်လာသော လမ်းကြောင်းမှာလည်း ဂြိုဟ်ပဲ့ ခါးပတ်ကိုဖြတ်ကျော် ၀င်ရောက် လာသည့်အတွက် နီဘီးရု၏ ကိုယ် ပိုင်လတစ်စင်းသည် ဂြိုဟ်ပဲ့များနှင့် တိုက်မိကာဆုံးရှုံးခဲ့၍ ယင်းဆုံးရှုံး သွားသောလသည် ကမ္ဘာ၏ဆွဲငင်မှု စက်ကွင်းအတွင်းမှ မလွတ်မြောက် နိုင်ပဲ ကမ္ဘာ၏အရံဂြိုလ် လ အဖြစ် ရောက်ရှိခဲ့သည်။

သူတို့ပြန်ကြပြီ
ထိုကဲ့သို့ ကမ္ဘာတွင်အရံဂြိုလ်အဖြစ်ရောက်ရှိလာသောလကြောင့် ကမ္ဘာ့ လေထုသည်လည်း အပြောင်းအလဲ များဖြစ်ကာ လူများ၏သက်တမ်းသည်လည်း တစ်ဖြည်းဖြည်းတိုလာခဲ့သည်။ ထို့နောက်တွင်ကား အာနန်နာကီ တို့နှင့် လူသားမျိုး နွယ်စုများပေါင်းဖက်မိကြကာ ကပြားမျိုးနွယ်စုများပေါ်ပေါက်လာပြီး အာနန်နာကီတို့၏ မျိုးဆက်တို့လည်းများပြားလာကြကာ မျိုးစုံသောမြို့ပြနိုင်ငံများဖြစ်ပေါ်လာကြ၍ အချင်းချင်းစစ်မက်ဖြစ်ပွားမှု များလည်းဖြစ်ပေါ် လာခဲ့သည်။ သို့အတွက်ကြောင့် နီဘီးရုဂြိုဟ် ကြီး တစ်ပတ်ပြန်လာချိန်ဖြစ်သော ခရစ် မပေါ်မီ ၆၃၉တွင် ဆူမားရီးယန်းတို့ယူဆထားခဲ့ကြ သောဘုရားများ (သို့) အန်နန်နာကီ မျိုးနွယ်စု တို့သည် ဂြိုဟ်ကြီးပေါ်သို့ပြန်သွားခဲ့ကြ့ပီး ဤ ကမ္ဘာမှထွက်ခွါသွားခဲ့ကြသည်။


သို့အတွက် ကြောင့် နောက်တစ်ကျော့နီဘီးရုဂြိုဟ်ကြီး ပြန်လာချိန်သည် ခရစ်နှစ် ၂၀၃၈ ခုနှစ်ဖြစ်၍ ဂြိုဟ်ကြီးပေါ်တွင် တစ်ချိန်ကဆူမားရီးယမ်းတို့၏ နတ်ဘုရားများအဖြစ်ဖေါ်ပြခဲ့သော အန်နန်နာကီ ဂြိုဟ်သား (Alien) များလည်း ယင်းဂြိုဟ်ကြီး ပေါ်တွင်တည်ရှိနေကြ၍ဂြိုဟ်ကြီးနှင့် အတူ လိုက်ပါလာတော့မည်ဖြစ်သည်။
အထက်ပါဖေါ်ပြချက်တို့သည်ကား ဆူမားရီးယန်းမျိုးနွယ်စုများ၏ လွန်ခဲ့ သော နှစ်ပေါင်း ၆၀၀၀ ခန့်က မှတ်တမ်း တင်ထားခဲ့ကြသည့် အမှတ်အသားများကို စုစည်းလျှက် သမိုင်းတစ်စောင်အဖြစ်ပြန် လည် တည်ဆောက် ထားချက်များမှ ထုတ်နှုတ် တင်ပြထားခြင်းဖြစ်သည်။ ဆူမားရီးယန်းတို့၏ ရုပ်ထုများ ဆွဲသား ချက်များတွင် ယခုခေတ် စာနယ်ဇင်းများတွင်ဖေါ်ပြထားသည့် ဂြိုဟ်သားများနှင့် အလွန်ပင်ဆင်တူသည့် ရုပ်ထု များကိုလည်းတွေ့ရသည်။

ယနေ့ခေတ်နေစကြ၀ဠာနှင့် ပလက်နက်အိပ်က်စ်
အတိတ်သမိုင်းကြောင်းတို့မှအဖြစ်အပျက်များအပြီးတွင် ယခုခေတ် နေစကြ၀ဠာနှင့် ပတ်သက်သောလေ့လာတွေ့ရှိမှုများ ကို ဆက်လက်ဖေါ်ပြပါမည်။ ယခုခေတ်နေစကြ၀ဠာ ဆိုင်ရာအချက် အလက်များတွင် နေကိုလှည့်ပတ်လျက် ကမ္ဘာ အပါအ၀င်ဂြိုဟ်ကြီး ကိုးလုံးရှိကြောင်း အထက်တွင်ဖေါ်ပြခဲ့ပြီးဖြစ် သည်။ ဆူးမားရီးယမ်း တို့ခေတ်တွင်ဖေါ်ပြခဲ့သော နတ်ဘုရားများနေထိုင်ရာ နီဘီးရုဂြိုဟ်ကြီးကား ယခုခေတ် အသိပညာများအရ နေစကြ၀ဠာမှပျောက်ကွယ်လျက်ရှိသည်။ သို့သော်ယခုနောက်ဆုံး တွေ့ရှိချက် များသည် ကား ဆူမားရီးယန်းတို့၏ မှတ်တမ်းများမှန်ကန်နေသည်ကို ထောက်ခံလျှက်ရှိနေပြီဖြစ်သည်။ ယင်းမှာ ဒသမမြောက် ဂြိုဟ် ဟုယူဆရသော အာကာသရုပ်ဝတ္ထုတစ်ခုအား ပလူတိုဂြိုလ်ပတ်လမ်းအပြင်ဘက်တွက် ရှာဖွေ တွေ့ရှိခဲ့ ခြင်းဖြစ်သည်။ ယင်းဂြိုဟ်ကြီးအားလည်းယခုထက်တိုင်အမည်မပေးရသေး သော်လည်း ယာယီ အားဖြင့် ပလက်နက်အိပ်က်စ် (Planet X) ဟုသတ်မှတ်ထားကြသည်။



အခြားအမည်အားဖြင့် ၂၀၀၃့ြ၃၁၃ ဟုလည်း ဖေါ်ပြထားသည်။ ၂၀၀၅ ခုနှစ် ဇူလိုင် (၂၉) ရက်နေ့ နာဆာ အဖွဲ့မှ သတင်းထုတ်ပြန်ချက်များအရ ယင်းဂြိုဟ်သည် သည် နေနှင့်ကမ္ဘာဂြိုလ်အကွာအဝေး၏ (၉၇) ဆကျော်ဝေး ကွာ သည့်နေရာတွင် တည်ရှိနေပြီး ဖြေးညှင်းစွာရွှေ့လျားလျက်ရှိသည်ဆို၏။ ယင်းဂြိုဟ်ကြီး၏ ပမာဏသည် ဂျူပီတာဂြိုလ်ထက် အနည်းငယ်သေး၍ ဒြပ်ထုအားဖြင့်ကား ဂျူပီတာဂြိုဟ်ထက် သုံးဆ မျှလေးလံနေကြောင်း ဖေါ်ပြချက် များလည်းရှိသည်။ ဆူမားရီးယမ်း အကြောင်း လေ့လာထားသူများကမူ ယင်းဂြိုဟ်သစ်သည် နီဘီးရုဂြိုဟ်ကြီးသာဖြစ်ရမည်ဟုတစ် ထစ်ချယူဆထားလျက်ရှိကြသည်။ နာဆာအဖွဲ့ကမူ ယင်းဂြိုဟ်ကြီးအကြောင်းနှင့် ပတ်သက်၍ အသေးစိတ်ထုတ်ပြန်ခြင်းများမရှိသေးပေ။ သို့သော် လက်ရှိတွေ့ရှိ ချက် များအရ ယင်းသည် အလွန်ရှည်လျားသော ဂြိုဟ်ပတ်လမ်းတစ်ခုရှိနေပြီး ယင်းဂြိုဟ်ပတ် လမ်း သည်နေစကြ၀ဠာ အတွင်းအခြားဂြိုဟ် ပတ်လမ်းများနှင့်မတူပဲ ကြယ်တံခွန် (Comet) တစ်ခု၏ ပတ်လမ်းနှင့် တူလျက်ရှိသည်။ သို့အတွက် ယင်းဂြိုဟ်ကြီးသည် အများယူဆထားသကဲ့သို့ နီဘီးရုခေါ်ကျွန်ုပ် တို့ နေစကြ၀ဠာ မှ နှစ်ပေါင်း (၃၆၀၀) လျှင် တစ်ကြိမ် လှည့်ပတ်လျက်ရှိသောဂြိုလ် ကြီးဖြစ်ခဲ့လျှင်ကား ကျွန်ုပ်တို့ကမ္ဘာမြေ၏ကံကြမ္မာကား အလွန်ပင်စိုးရိမ်စရာဖြစ်လာခဲ့ ပြီဖြစ်သည်။ ယင်းအပေါ်တွင် ဂြိုဟ်သားများ ပါလာမည်၊ မပါလာမည်ကို ခေတ္တထား၍ စကြ၀ဠာတွင်းဖြစ်ပေါ်တည်ရှိနေသော သဘာဝနိယာမများအလိုအရ



ပင် ကမ္ဘာ ဂြိုဟ်အားကြီးစွာသောကပ်ကြီး ဆိုက်ရောက်တော့မည်မှာ အသေ အချာပင်ဖြစ်သည်။ ဒြပ်ထုအား ဖြင့် အလွန်ကြီးမားသော ဂြိုဟ်ကြီး တစ်ခုကမ္ဘာ အနီးသို့ချဉ်းကပ် လာခဲ့သော် ကမ္ဘာမြေပေါ်သို့ မူလနေကြီး၏ ဆွဲအားနှင့်နီဘီးရုဆွဲ အားတို့တစ်ပြိုင်နက်တည်း သက် ရောက်ပေလိမ့်မည်။ ထိုအခါတွင် ကမ္ဘာပေါ်တွင် ရာသီဥတုပြောင်း လဲမှုများ ကြီးစွာဖြစ်ပေါ်ရုံမျှမက မီတာ ထောင်ကျော်ရှိသော လူသတ် လှိုင်းများဖြစ်ပေါ်ကာ ကမ်းခြေ ဒေသများပေါ်သို့ရိုက်ခတ် ပေလိမ့် မည်။ မြေဆွဲအားများကြောင့် မီးတောင်များမှာလည်း အများ အပြားပေါက်ကွဲကြ၍ မြေကမ္ဘာသည် ငတ်မွတ်ခေါင်းပါး သည့်ဘေးနှင့်အကြီး အကျယ်ကြုံတွေ့ရတော့ မည်ဖြစ် သည်။ တွက်ချက်မှုများအရ လူသားမျိုးနွယ်များ၏ (၈၀) ရာခိုင်နှုန်းခန့်ပင်သေကြေပျက်စီးကြရမည်ဆိုသည်။
ထို့အပြင် ဆွဲအားများတစ်ပြိုင်နက်တည်းသက်ရောက်မှုကြောင့် ကမ္ဘာ့ ၀င်ရိုးစွန်းများတိမ်းစောင်း သွားနိုင်သည့် အပြင် ကမ္ဘာကြီးလည်ပတ်နေမှုမှာလည်း (၃) ရက်ခန့် ရပ်ဆိုင်းသွားနိုင်သည်ဆိုသည်။ ဆိုလိုသည်မှာ ကမ္ဘာကြီး သည် လည်ပတ်မှု မရှိပဲလုံးဝရပ်ဆိုင်းသွားမည်ဖြစ်သည့်အတွက် နေ့ဖြစ်နေသောအခြမ်းသည် တစ်ဆက် တည်း နေ့ချည်းသုံးရက်ဆက်တိုက်ဖြစ်ပေါ်နေမည်ဖြစ်ပြီး ညဖြစ်နေသောအခြမ်းမှာ လည်း သုံးရက်ဆက်တိုက် ညဖြစ်နေမည်ဖြစ်သည်။ နီဘီးရု ကမ္ဘာမှဝေးရာသို့ ထွက်ခွါ သွားချိန်တွင် ဤကမ္ဘာကြီးကား မည်သည့် အဖြစ်မျိုးနှင့် ကျန်ရစ်မည်ကိုပင် မမှန်း ဆ နိုင်တော့ပေ။ ဖြစ်လာ မည်မှာ သေချာရေရာမှုမရှိသေးသော်လည်း အင်တာနက် ၀က်ဘ် ဆိုက် (Internet websites) များတွင်ကားဂြိုလ်ကြီးဖြတ်သွားချိန်တွင် အသက်ဘေးမှ လွတ်ကင်းအောင် မည် သို့နေထိုင် ရမည်။ ရပ်တန့်သွားပါကလည်းမည်သည့် နေရာများသည် မည်ကဲ့သို့ဖြစ် မည်ဆိုသည်ကို ဖေါ်ပြထားသည်များကိုလည်းတွေ့မြင် နေရသည်။ တဖန် အမေရိကန်ပြည်ထောင်စုနှင့် ရုရှားနိုင်ငံ တို့မှလည်း မြေအောက်တွင်မြို့တော်ကြီး များတည်ဆောက်နေကြသည်ဟုသော ကောလဟာလများ မှာလည်း ပေါ်ထွက်လျက် ရှိသည်။ ထို့အပြင်နီဘီးရုကြီးသည် ကမ္ဘာကိုလာရောက်စဉ်ကြိုတင် သိမြင်နိုင်ခြင်း မရှိဘဲ အနားနီးရောက်မှမြင်တွေ့ရမည်ဟု ဖေါ်ပြချက်များလည်းရှိသည်။ အဘယ်ကြောင့် ဆိုသော် ထိုဂြိုဟ်ကြီး သည် မြေကမ္ဘာသို့လာရောက်စဉ်တွင် နက္ခတ်ပညာရှင်များ မမြင်နိုင်သောနေရာ (Blind Spot) မှလာရောက် မည် ဖြစ်သောကြောင့်ဟု လည်း ဖေါ်ပြချက်များရှိနေသည်။ ယင်းနေရာသည်ကား ကမ္ဘာ့တောင် ၀င်ရိုးစွန်း မှ အောက် ဖက် ကျသောနေရာဖြစ်သည်ဆိုသည်။ သို့ အတွက်ကြောင့် အမေရိ ကန်ပြည် ထောင် စုမှ ထိုဂြိုဟ်ကြီးရောက်ရှိလာခြင်း ကိုကြိုတင်သိမြင်နိုင်ရန်တောင်ဝင်ရိုးစွန်း တွင် နက္ခတ်တာရာစခန်းကြီးတစ်ခု အားအကြီးအကျယ်တည်ဆောက်လျက် ရှိကြောင်း အချို့သောဝက်ဘ်ဆိုက်များတွင် ဖော်ပြထားကြသည်။
မည်သို့ပင်ဖြစ်စေ နီဘီးရု ခေါ် ဂြိုလ်ကြီးအကြောင်းသည်လည်း အထက်ဖေါ်ပြပါ အချက်အလက် များ နှင့်တူညီစွာပင် ရှေးဟောင်းစာပေများတွင်နာမည် အမျိုးမျိုးနှင့်တည်ရှိခဲ့သည်မှာလည်း အမှန်ပင်ဖြစ်သည်။ ယခုခေတ်ကဲ့သို့ သိပ္ပံပညာထွန်းကားသည့်အချိန်တွင်ရှိသည့် ရှာဖွေတွေ့ရှိချက်များမှာလည်း အထက်ပါဂြိုဟ် ကြီးရှိခဲ့ကြောင်း အထောက် အထား များအဖြစ် ဖြစ်ပေါ်လာနေပြီဖြစ်သည်။



ထို့အပြင် လေ့လာသူများ၏တွက်ချက်မှုများ အရလည်း ၂၀၃၈ ခုနှစ်သည် နိဘီးရုဂြိုဟ်ကြီး၏ တစ်ပတ်ပြန်လည် လာမည့်အချိန်ဖြစ် သည်။ ထို့အပြင် ပြင်သစ်လူမျိုး အကြားအမြင်ဆရာကြီး နော်စထရာဒါးမတ် (Nostradamus) ကလည်း လွန်ခဲ့သည့်နှစ်ငါးရာ ကျော်ခန့်ကတည်းက ယခုရာစုနှစ် အတွင်း အာကာသရုပ် ၀တ္ထုတစ်ခု ကမ္ဘာသို့လာရောက်မည်ဖြစ်ပြီး ကမ္ဘာပေါ်တွင် ဘေးအန္တရာယ်များလည်းဖြစ်ပေါ်လာမည်ဟူသော ကြိုတင်ဟောကိန်းများလည်း တည်ရှိနေသည်။ သို့အတွက်ကြောင့် ဒသမမြောက်ဂြိုဟ်ကြီး၏ အန္တရာယ်သည် ကမ္ဘာသို့ကျရောက်လာနိုင်စရာအကြောင်းများက အင်တာနက်ဝက်ဘ်ဆိုက်များနှင့် ယင်းဂြိုဟ်ကြီး အကြောင်းရေး သားထားသော စာအုပ်များမှာလည်း ကမ္ဘာတလွှား အမြောက်အမြားပင်ရှိနေသည်။ သို့သော်ယင်းဖြစ်ရပ်များ ဖြစ်ပေါ်လာနိုင်ခြင်း ရှိမရှိ ဆုံးဖြတ်ချက်ချရန်အတွက်မူ စာရှုသူများအတွက် ချန်လှပ်ထားခဲ့ပါသည်။

မှီငြမ်းကိုးကားစာအုပ်များနှင့် ၀က်ဘ်ဆိုက်များ
- Return To The Stars written by Erich Von Daniken
- 12th Planets written by Zecharia Sitchin
- en.wikipedia.org/wiki/Planets_beyond_Neptune layout = standard / button_count [choose layout] show_faces = true / false [show picture] action = like / recommend [option : Like or Recommended button] colorscheme = light / dark [color] height: 60px [adjust height]

Saturday, December 10, 2011

ကျွန်တော်ရေးဖြစ်သမျှ စာအုပ်များ


ကျွန်တော်က စာရေးဖြစ်တာ သိပ်တော့မကြာသေးပါဘူး။ အလွန်ဆုံးမှ ငါးနှစ်လောက်ဘဲရှိပါသေးတယ်။ ကျွန်တော် ၀ါသနာ ပါတဲ့ ဘာသာရပ်ကလည်း cosmology ပါ။ ကျွန်တော်တို့မြန်မာပြည်မှာ လူသိနည်း တဲ့ဘာသာရပ် တစ်ခု လို့ပြောရင်ရပါတယ်။ စကြ၀ဠာဖြစ်တည်လာပုံ၊ သမိုင်းကြောင်း၊ အနာဂတ်စကြ၀ဠာ၊ ကြယ်တွေ၊ လ တွေ၊ ဂြိုဟ် တွေ အကြောင်းပါ။ နက္ခတ္တဗေဒ Astronomy ဆိုပါတော့။ ကျွန်တော်က နက္ခတ္တဗေဒ ဆိုလိုက်တာနဲ့ တော်တော်များများက ကျွန်တော်ကို ဗေဒင်ဆရာလို့ထင်လိုက်ကြတာ ပါဘဲ။ တကယ်တော့ လူတော်တော်များများက အင်္ဂလိပ်လို Astronomy နဲ့ Astrology ကို မကွဲကြတာပါ။ နက္ခတ်ဗေဒင်က Astrology ပေါ့။ နက္ခတ္တဗေဒကတော့ Astronomy ပါ။ အဲဒီ Astronomy ဘာသာရပ်ကို ကျွန်တော်စိတ်ဝင် စားတယ်။ ဒါကြောင့် စာတွေဖတ်၊ အင်တာနက်ကြည့်တော့ ဒီအကြောင်းတွေရေးချင်လာတယ်။ ဒါနဲ့ဘဲ ''အတိုင်း မသိစကြ၀ဠာ'' အမည်ရှိတဲ့ စာအုပ်ကိုရေးဖြစ်ပါတယ်။ အဓိက ကတော့ နေစကြ၀ဠာ (Solar System) အကြောင်း ပါဘဲ။ စာအုပ်က စီးပွား ရေးအရမအောင်မြင်ပါဘူး။ ဒါပေမဲ့ ကျွန်တော့်လို ကလောင်သစ် တစ်ယောက်အနေနဲ့ အုပ်ခြောက်ရာ လောက်ရောင်းရပါတယ်။ အမြတ်ကတော့ သုတစွယ်စုံ စာပေဆု ရလိုက်တာနဲ့၊ ကိုယ်ဝါသနာ ပါလှတဲ့ ဘာသာရပ်ကို စာတစ်စောင်ပေတစ်ဖွဲ့ ရေးဖြစ်လိုက်လို့ ပီတိဖြစ်ရတာ ရယ် အမြတ် (၂) ခု ရလိုက် တယ်။
ကျွန်တော်တို့တွေက နေစကြ၀ဠာ (Solar System ) ထဲက နေကနေရေတွက်ရင် တတိယမြောက်ဖြစ်တဲ့




ကမ္ဘာမြေဆိုတဲ့ အပြာရောင်ဂြိုဟ်တစ်လုံးမှာ နေနေကြတာပါ။ အဲဒီနေအဖွဲ့အစည်း (နေစကြ၀ဠာ) ဆိုတာ
ကလည်း မြန်မာလို့ နို့ရည်ဆမ်းတဲ့လမ်း လို့ ဘာသာပြန်ရမဲ့ နဂါးငွေ့တန်းကြယ်စု (Milky way galaxy) ကြီးရဲ့ အစွန်နားလေးမှာ နေရာရထားတဲ့ အဖွဲ့အစည်းလေးပါဘဲ။ ကျွန်တော်တို့ကမ္ဘာ၊ ကျွန်တော်တို့နေ၊ ကျွန်တော်တို့ နေစကြ၀ဠာဆိုတာ ကျွန်တော်တို့လူသားတွေအရွယ်အစားနဲ့ ယှဉ်လိုက်ရင် မနှိုင်း ယှဉ်နိုင် လောက်အောင် ကြီးကြပေမဲ့ နဂါးငွေ့တန်းကြယ်စုကြီး နဲ့ယှဉ်လိုက်ရင်တော့ အလွန့်အလွန့် ကိုသေး လှပါတယ်။ ကျွန်တော်တို့ လူသားတွေနဲ့ ဒီနဂါးငွေ့တန်းကြီးနဲ့ အရွယ်အစားယှဉ်လိုက်ရင်တော့ ဘယ်လိုမှ နှိုင်းယှဉ်လို့မရအောင် ကွာခြားလွန်းလှပါတယ်။ တခါ အဲဒီကြီးလှပါတယ်ဆိုတဲ့ နဂါးငွေ့တန်းကြယ်စု ကြီးလိုကြယ်စုကြီးတွေကလည်း Universe လို့ခေါ်တဲ့ စကြ၀ဠာကြီးထဲမှာ မရေမတွက်နိုင်အောင်ကို တည်ရှိ နေပါတယ်။ ဒီလောက်ဆိုရင် ကျွန်တော်တို့ဟာ ကို့ကိုယ်ကို အထင်ကြီးတစ်ခွဲသားနဲ့ နေနေပေမဲ့ စကြ၀ဠာ ထဲမှာတော့ အမှုန်လေးတစ်ခုလောက်ပဲ ရှိမယ်ဆိုတာသိလောက်ပြီထင်တယ်နော်။ နဂါးငွေ့တန်း ကြယ်စုကြီးပုံကိုလည်း ဖော်ပြပေးလိုက်ပါတယ်။




နယ်မှာ နေတယ်ဆိုရင်တော့ ညဘက် တစ်ချိန်မဟုတ် တစ်ချိန်မှာ နဂါးငွေ့တန်း ကို မြင်ဖူးကြမှာ ပါ။ ကောင်းကင်မှာ ကြယ်ပေါင်းကုဋေ ကုဋာဟာ ကြယ်လမ်းကြောင်းကြီးတစ်ခုလို ကောင်းကင်ပြင်မှာ
မြင်နေရတယ်။ အဲဒါ နဂါးငွေ့တန်း သို့မဟုတ် နို့ရည်ဆမ်းတဲ့လမ်း၊ သို့မဟုတ် Milky way Galaxy ဘဲပေါ့။
အဲဒီ နဂါးငွေ့တန်းတို့၊ နေ သို့မဟုတ်ကြယ်တွေ၊ ဂြိုဟ်တွေကို စိတ်ဝင်စားတယ်။ ပြီးတော့ အမေရိကန်ဦးဆောင် တဲ့ နေစကြ၀ဠာအတွင်း လေ့လာရေးခရီးစဉ်တွေ၊ အဲဒါတွေကို ကျွန်တော် တကယ်ဘဲ စိတ်ဝင်စားမိတယ်။ ဒါကြောင့် ကျွန်တော် ပထမဦးဆုံး ရေးမိတဲ့စာအုပ်က ''အတိုင်းမသိစကြ၀ဠာ'' တဲ့။ စာအုပ်အဖုံးလေး ဖော်ပြ
ပေးလိုက်ပါတယ်။




စာရူသူ
ကျွန်တော်တို့နေထိုင်နေတဲ့ လောကကြီး၊ ကျွန်တော်တို့ ရှင်သန်နေတဲ့စကြ၀ဠာ၊ နောက်ဆုံး ကျွန်တော်တို့ရရှိထားတဲ့ ခန္ဒာကိုယ်ကြီးကအစ ပဟေဠိဆန်လှပါတယ်။ ပထမ ကျွန်တော်တို့ နေထိုင်ရာ ၀န်းကျင်ကို ကျွန်တော်တို့မြင်နေပုံကိုဘဲကြည့်။ ကျွန်တော်တို့ပတ်ဝန်းကျင်ကို ပုံဖော်ထားတာတွေက မြင်နေ ရတဲ့ ကျွန်တော်တို့ မျက်လုံး၊ ကြားနေရတဲ့နား၊ အနံ့ရနေတဲ့နှာခေါင်း၊ ကျွန်တော်တို့စားသုံးလိုက်တဲ့အခါ အရသာခံနေတဲ့ လျှာ၊ ကျွန်တော်တို့ ကိုယ်ခန္ဒာက ထိတွေ့သိရှိတဲ့အထိအတွေ့ တွေနဲ့ဘဲ တည်ဆောက် ထားတာပါ။ အမြင်ကို ကြည့်မယ်ဆိုပါတော့။ ကျွန်တော်တို့ လောကကြီးမှာရှိနေတာတွေအကုန်လုံး ကျွန်တော် တို့မမြင်ရပါဘူး။ ကျွန်တော်တို့မြင်ရတာက ရောင်စဉ် (spectrum) ထဲမှာပါတဲ့အရောင်တွေပါဘဲ ။ ဒါပေမဲ့ အဲဒီရောင်စဉ်တွေရဲ့အပြင်ဘက်မှာလည်း အရောင်တွေရှိပါတယ်။ ပုံမှာကြည့်နော်။


ကျွန်တော်တို့က အောက်ပါ မီးခိုးရောင်နဲ့ခြယ်ပြထားတဲ့ အရောင်တွေထဲကမှ ကျွန်တော်တို့မြင်ရ တဲ့ ဘောင်ကလေးကို ဖော်ပြထားတယ်။ အဲဒီဘောင်ကလေးရဲ့အပြင်ဘက်က အရောင်တွေကို ကျွန်တော်တို့ မမြင်ရပါဘူး။ ဥပမာဆိုပါတော့ အနီအောက်ရောင်ခြည်၊ ခရမ်းလွန်ရောင်ခြည် စတာတွေဟာ ရှိနေပေမဲ့ မမြင်ရပါဘူး။ ဒါဆိုရင် ကျွန်တော်တို့ မြင်နေရတာတွေဟာ အကုန်မဟုတ်ဘူး။ အခြားစကားနဲ့ဆိုရင် မပြည့်စုံ ဘူးလို့ပြောလို့ရပြီနော်။ ဒါဖြင့်ရင် အပြည့်အစုံမမြင်ရတဲ့ မျက်လုံးတွေကနေမြင်နေရပါတယ်ဆိုတဲ့ လောက ကြီးက အမှန်ရောဖြစ်နိုင်ပါ့မလား။ ပဟေဠိ တစ်ခုဘဲနော်။

အမြင်ကတော့ ဟုတ်ပါပြီ။ အကြားအကြောင်းဆက်ရအောင်။ ကျွန်တော်တို့နားတွေကရော အသံရှိသမျှ အကုန်ကြားရရဲ့လား။ အသံဆိုတာ တုန်ခါခြင်းက ဖြစ်ပေါ်လာတာနော်။ ကျွန်တော်တို့နားတွေဟာ 20vib/s ကနေ 20000 vib /s အတွင်းမှာ တုန်နှုန်းရှိနေတဲ့ အသံတွေကိုဘဲကြားရပါတယ်။ ကျွန်တော်တို့ မကြားနိုင် တဲ့အသံတွေ အများကြီးရှိပါတယ်။ ပုံမှာကြည့်ပါ။




ပုံမှာကြည့်ရင် ဆင်ကြီးတွေ၊ ဝေလငါးကြီးတွေဟာ ကျွန်တော်တို့ထက်ပိုပြီး အသံတွေကြားနိုင်တယ်ဆိုတာ သိနိုင်လောက်ပါတယ်။ ဆိုလိုတာက ကျွန်တော်တို့နားတွေက အကုန်လုံးမကြားနိုင်ပါဘူး။ ဒါဖြင့် နားကြားနဲ့ ဆုံးဖြတ်ထားတဲ့ ကျွန်တော်တို့ကြားနေရတဲ့လောကကြီးက အပြည့်အစုံမဟုတ်ဘူးဆိုတာ သိနိုင်ပြီနော်။ အဲဒါလည်း ပဟေဠိတစ်ခုပါဘဲ။

နောက်မကြာမကြာဆိုသလို ရုပ်ရှင်တွေထဲမှာ အချို့ဖြစ်ရပ်မှန်တွေထဲမှာ ထွက်ပြေးတဲ့သူတစ်ယောက် သို့မဟုတ် တရားခံတစ်ယောက်နောက်ကိုလိုက်ဖို့ တရားခံရဲ့ လက်ကိုင်ပုဝါ၊ အင်္ကျီစတာ တွေကို ခွေး တစ်ကောင်ကို အနံ့ခံခိုင်းပြီး နောက်ကနေ ခွေးသွားရာနောက်လိုက်ရင်း တရားခံမိသွားတာတွေ တွေ့မိ မှာပါ။ အဲဒါက ဘာကိုပြောနေတာလဲဆိုရင် အနံ့အာရုံတွေမှာ ခွေးတွေက လူတွေထက်သာတဲ့ သက်သေဘဲပေါ့။ အနံ့ခံတဲ့ဘက်မှာလည်း ရှိသမျှအနံ့တွေအားလုံး ကျွန်တော်တို့ မသိနိုင်ပါဘူး။ ဒါဖြင့်ရင် ကျွန်တော်တို့ အနံ့ အာရုံနဲ့ သိနေရတဲ့ လောကကြီးက မပြည့်စုံဘူးဆိုတာသိနိုင်ပြီနော်။ နှာခေါင်းတွေရှိနေပေမဲ့ အနံ့အာရုံကို ကျွန်တော်တို့ အကုန်မရနိုင်ပြန်ဘူး။ ပဟေဠိတစ်ခုပါဘဲ။



အဲဒီလိုဘဲ အထိအတွေ့မှာရော၊ အရသာခံစားတာမှာရော ကျွန်တော်တို့ အာရုံခံနိုင်တာတွေဟာ အပြည့်အစုံမဟုတ်ဘူး။ ဒါကြောင့် ကျွန်တော်တို့ ပိုင်ဆိုင်နဲ့ အာရုံငါးပါးနဲ့ ထိတွေ့တည်ဆောက်ထားတဲ့ ဒီကမ္ဘာကြီးကလည်း အပြည့်အစုံမဟုတ်ဘဲ တကယ့်အရှိတရားရဲ့ တစ်စိတ်တစ်ပိုင်းလေးပါဘဲ။ ဒါဟာ အကြီးမား ဆုံးပဟေဠိတစ်ခုဘဲ။ ကျွန်တော်တို့ ဘယ်မှာရောက်လို့ ဘယ်လိုနေနေကြတာလဲ။
ဒါကတော့ ကျွန်တော်တို့ပတ်ဝန်းကျင်ကို ကျွန်တော်တို့တည်ဆောက်ထားတဲ့ ပဟေဠိဆန်လှတဲ့ အဖြစ် တစ်ခုပါ။ အဲဒီလိုပါဘဲ၊ လူသားဟာ သူ့ပတ်ဝန်းကျင်က ပဟေဠိဆန်လှသလို သူပိုင်ဆိုင်ထားတဲ့ ကိုယ်ခန္ဒာကြီး ကလည်း ပဟေဠိတစ်ခုပါဘဲ။ ကိုယ်ဝန်ဆောင်စဉ်ကအစ သန္ဒေ္ဒသားက သူ့သဘောနဲ့သူ ဖွံ့ဖြိုးလာ တာပါ။ ဘယ်မိခင်ကမှ ဖြူဖြူလေးဖွံ့ဖြိုးပါ၊ ၀ါဝါလေးဖွံ့ဖြိုးပါ၊ ယောက်ျားလေးဖွံ့ဖြိုးပါ၊ မိန်းကလေးဖွံ့ဖြိုးပါလို့ အမိန့်ပေး ဆန္ဒပြုလို့မရဘူး။ သူ့သဘောအတိုင်းသူဖြစ်နေတာပါ။ ဆိုလိုတာက ထိန်းချုပ်လို့မရဘူး။ နောက်မွေးဖွားပြီး အရွယ်ရောက်လာပြန်တော့ ကိုယ်နေချင်တဲ့ အရွယ်မှာ နေလို့မရပြန်ဘူး။ သူ့ဖာသာသူကြီးထွားတယ်၊ သူ့ဖာသာသူဘဲ အိုမင်းရင့်ယော်ခြင်းတွေရောက်လာပြီး သူ့ဖာသာသူဘဲ ကိုယ်မသေချင်ဘဲ သေသွားရ
ပြန်တယ်။ ကိုယ်မဖြစ်ချင်တာတွေကို သူ့ဖာသာသူဖြစ်နေတာကို ဘယ်သူက ထိန်းချုပ်ထားတာလဲ။ အဲဒါ ကံကြမ္မာလား၊ အ၀ိဇ္ဖာလား။
နောက်တစ်ခု၊ ဆိုပါတော့ အိပ်စက်ခြင်း။ ဘာကြောင့်အိပ်ကြရတာလဲ။ ငါတော့ အလုပ်ရှိသေး တယ်ကွာ မအိပ်သေးဘူး၊ ငါးရက်လောက်တော့ နေလိုက်ဦးမယ်လို့ လုပ်လို့မရဘူး။ အိပ်စက်ခြင်းက ကိုယ့် ဆန္ဒကို ဂရုမပြုဘဲ ရောက်လာတော့တာဘဲ။ ထိန်းချုပ်လို့မရတဲ့ဖြစ်စဉ်။ ဒါလည်း ပဟေဠိတွေပါဘဲ။ ပြောရရင်တော့ ပဟေဠိဆန်တာတွေက လူသားတွေအတွက်များလွန်းလှတယ်။ လူသားတွေဘယ်လို ဒီကမ္ဘာထဲမှာ ဖြစ်ပေါ် လာရတာလဲ။ ချားလ်စ်ဒါဝင်ကတော့ လူဆိုတာမျောက်က ဆင်းသက်လာတာတဲ့။ တစ်ချို့ကလည်း ဗြဟ္မာ ကြီးလေးယောက်က ဆင်းသက်တာတဲ့။ ခရစ်ယာန်ဘာသာဝင်တွေအတွက်ကတော့ ထာဝရဘုရားသခင်က ဖန်ဆင်းတယ်ဆိုပြန်တယ်။ ဟိန္ဒူဘာသာဝင်တို့ရဲ့ဖန်ဆင်းခြင်းအယူအဆက တစ်မျိုး။ ခုတစ်ခါ ဆစ်ချင်ဆို တဲ့ သုတေသီအဆိုအရတော့ လူဆိုတာ အခြားကမ္ဘာက ယာဉ်ကျေးမှုပိုမိုမြင့်မားတဲ့ ဂြိုဟ်သားတစ်စုက လွန်ခဲ့တဲ့ နှစ်ပေါင်း သိန်းနဲ့ ချည်တုံးက Genetic Engineering နည်းနဲ့ ဖန်တီးခဲ့တာတဲ့။ ရည်ရွယ်ချက် ကတော့ ကမ္ဘာပေါ်မှာ သတ္ထုတူးဖော်ရေးလုပ်ငန်း လုပ်ကိုင်ဘို့ အလုပ်သမားတွေဖန်ဆင်းတာတဲ့။ ဘယ်လိုလဲ ဘယ်လိုဖြစ်လာတာလဲ။ ဘယ်သူမှန်သလဲ။ ငြင်းကြ၊ ခုန်ကြနဲ့။ ဒါပေမဲ့ ဘယ်လိုစတင်ဖြစ်လာတာလဲ ပဟေဠိ တစ်ပုဒ်ပေါ့။
ရှေးတုန်းက လူသားတွေတည်ဆောက်ခဲ့ပါတယ်ဆိုတဲ့ ကြီးမားလှတဲ့ အဆောက်အအုံကြီးတွေ အကြောင်း စာအုပ်တွေထဲမှာ ဖတ်ကြည့်ဖူးတယ်။ တည်ဆောက်ထားတဲ့ အတတ်ပညာ၊ တည်နေပုံ အနေအထား တွေက
နောက်လူတွေလိုက်မလုပ်နိုင်လောက်အောင် အဆင့်အတန်းက မြင့်မားလှတယ်။ ဒါဖြင့်ရင် သမိုင်းတွေ ထဲက ရေးထားတဲ့ လူသားတွေက ရိုင်းရာကနေ ယဉ်ကျေးလာကြတယ်ဆိုတဲ့ အတွေးအခေါ် တွေက မှားနေ




တာလား။ တစ်ချိန်တုန်းဆီတုန်းကလည်း ဒီလိုယဉ်ကျေးတဲ့ ခေတ် တစ်ခေတ် ရှိခဲ့လေသလားလို့ တွေး စရာတွေ ဖြစ်လာပြန်တယ်။ ကမ္ဘာပေါ်မှာ အဲဒီလို ပဟေဠိဆန်စွာဖြစ်တည်နေတဲ့ ပဟေဠိတွေက များလွန်း လှတယ်။ ဒါကြောင့်မို့ ကျွန်တော် အဲဒီပဟေဠိဆန်တဲ့ အဖြစ်အပျက်၊ ဖြစ်စဉ်တွေ၊ အကြောင်းအရာတွေကို စုစည်းပြီး စာအုပ်တစ်အုပ်ရေးဖြစ်ပါတယ်။ ``မဖြေရှင်းနိုင်တဲ့ ကမ္ဘာကျော်ပဟေဠိများ´´ပါတဲ့။



အဲဒီစာအုပ်ထဲမှာ
  1. နက်ဇ်ကာလိုင်းများ
  2. မိစ္ဆာတို့၏တြိဂံ
  3. ပိရမစ်မဟာ
  4. ကမ္ဘာမြေကြီး၏ချက်
  5. နတ်မင်းကြီးတို့မြို့တော်
  6. ပျောက်ဆုံးသွားသော အတ္တလန်တစ်ရွှေ့မြို့တော်
  7. မူ သို့မဟုတ် လီမူရီယာကုန်းမြေကြီး
  8. အခေါင်းပွ ကမ္ဘာမြေကြီး
  9. နာမည်ကျော် မာယာပြက္ခဒိန်
  10. ဖာရိုဘုရင်တို့၏ကျိန်စာ
  11. အိပ်စက်ခြင်း၏လျှို့ဝှက်ချက်များ
  12. အက်ဂါကေစီ၏အိပ်မက်များ
  13. နိဘီးရုဂြိုဟ်ကြီး
  14. ကြယ်တာရာများ၏ကလေးငယ်
  15. ပန်းကန်ပြားပျံတို့၏သမိုင်းကြောင်း
စတဲ့ ဆောင်းပါး (၁၅)ပုဒ်ပါပါတယ်။အဲဒီစာအုပ်က လူတော်တော်များများ စိတ်ဝင်စားကြ ပါ တယ် ။ တော်တော်လေးလည်း ရောင်းရပါတယ်။ အဲဒါကြောင့် နောက်ထပ် သုံးလအကြာမှာ ``မဖြေရှင်းနိုင်သော ကမ္ဘာကျော်ပဟေဠိများ -၂ ´´ ကို ထပ်မံ ထုတ်ဝေလိုက်ပါတယ်။ ယခုအချိန်အထိတော့ ဒီစာအုပ်လည်း
တော်တော်လေးရောင်းနေရပါတယ်။



``မဖြေရှင်းနိုင်တဲ့ ကမ္ဘာကျော် ပဟေဠိ - ၂´´ မှာတော့
  1. ခရစ်စတယ်ဦးခေါင်းခွံများ
  2. ဒရော့ပါ ကျောက်ပြားဝိုင်းများ
  3. သားမွှေးနဂါးကြီးပြန်လာပြီ
  4. ဘ၀ဆက်ဖြစ်တည်ခြင်း
  5. ဖန်ဆင်းခြင်းဆိုင်ရာ အယူအဆများနှင့် ကျယ်ပြန့်နေသော စကြ၀ဠာ
  6. တမလွန်သို့ခြေလှမ်းအစ
  7. ထူးဆန်းလွန်းသည့်အချိန်
  8. ဇီဝနရီစည်းချက်များ
  9. ဦးနှောက်နှစ်ခြမ်းနှင့်လူ
  10. စက်အတွင်းက သူရဲတစ်ကောင်
  11. နေမင်းသူရိန်
  12. သဘာဝ၏လျှို့ဝှက်သော ဥပဒေသ
  13. ပန်းကန်ပြားပျံက ဖမ်းဆီးခေါ်ဆောင်ခြင်း
  14. ခရော့ပ်ဆာကယ်များ
  15. ကလုံးတို့လာပြီ
  16. နီကိုလားတက်စ်လာနှင့် သေမင်းရောင်ခြည်
  17. ကိုရယ်လ်ကက်စတယ်
စတဲ့ ဆောင်းပါး (၁၇) ပုဒ်ပါပါတယ်။ စာဖတ်သူများစိတ်ဝင်စားဖွယ် ဖြစ်မယ်လို့ ယူဆထားပါတယ်။
လောလောဆယ်တော့ စာအုပ်တွေက စာအုပ်ဆိုင်တော်တော်များများမှာ ရှိနေမှာပါ။ တကယ်လို့ စာအုပ် ၀ယ်ဖို့အခက်အခဲရှိမယ်ဆိုရင်တော့ ကျွန်တော့်စာအုပ်အားလုံးကို ဖြန့်ချိပေးနေတဲ့ ``မျိုးဆက်သစ်စာပေ´´ တယ်လီဖုန်းအမှတ် - 01-245174 ကို မှာယူနိုင်ပါတယ်။ ကျေးဇူးတင်လျှက်

ကိုဆွေ (ပန်နိုရားမား)


layout = standard / button_count [choose layout] show_faces = true / false [show picture] action = like / recommend [option : Like or Recommended button] colorscheme = light / dark [color] height: 60px [adjust height]

Friday, December 9, 2011

ဟောကိန်းများနှင့်ပြည့်နေသောကမ္ဘာမြေကြီး

ကျွန်တော်ငယ်ငယ်က အဖိုးတို့စကားဝိုင်းနားမှာ ရေနွေးကြမ်းဖြည့်ပေးရင်း၊ လက်ဖက်သုပ်ပေး ရင်းနဲ့ မလှမ်းမကမ်းမှာ အဖိုးတို့ပြောနေတာကို နားစွင့်နေမိတယ်။ အဲဒီတုန်းက နားထဲမှာ စွဲနေ တဲ့အကြောင်း က ဒီကမ္ဘာကြီးပျက်စီးတဲ့ အကြောင်းပါဘဲ။ သူတို့ပြောတာက ဒီကမ္ဘာကြီးက မီးဖျက်လို့ပျက်မှာ ဖြစ် တယ် တဲ့။ နောက်ဆုံးမှာ နေခုနှစ်စင်းထွက်ပြီး ကမ္ဘာကြီး မီးလောင်ကာ ပျက်စီးမယ်လို့ပြောခဲ့ကြ တယ်။ အဲဒီတုန်းက အသက် ကလည်းငယ်သေးတဲ့အချိန်မို့ အလွန် အမင်းလဲ ကြောက်လန့်မိပါတယ်။ အသက်အရွယ်ရလာလို့ စာတိုပေစများဖတ်မိတဲ့အခါမှာတော့ ကမ္ဘာကြီးပျက်စီးမဲ့အကြောင်းကို ဖော်ပြထားတဲ့ အကြောင်း အရာတွေ တော်တော်များများကို ရှိနေတာ ဖတ်မိခဲ့ပါတယ်။ အဲဒီအထဲမှာ ကျယ် ကျယ်လောင်လောင်ရှိလှတဲ့ အကြောင်းအရာကတော့ မာယာပြက္ခဒိန်ဆိုတာပါဘဲ။ နာမည်ကြီးလှလို့ အင်တာနက်မှာ မွှေနှောက် ဖတ်ရှု ရပါတယ်။ စိတ်ဝင်စားစရာကောင်းလှသလို မာယာပြက္ခဒိန်ရဲ့ သဘောသဘာဝကို သိလာခဲ့ရတယ်။ အဲဒီအကြောင်းလေးတွေကို ဖောက်သည်ချဘို့ ကျွန်တော်ဆောင်းပါးလေးတစ်ပုဒ်ရေး ထား ပါတယ်။ နာမည်ကျော်မာယာပြက္ခဒိန်တဲ့ ။ ဖတ်ကြည့် ဝေဖန်နိုင်ပါတယ်။

နာမည်ကျော်မာယာပြက္ခဒိန်



၂၀၁၂ ခုနှစ်ဟောကိန်းများနှင့် မာယာတို့၏ပြက္ခဒိန်
၂၀၁၂ ခုနှစ်သည် ကမ္ဘာပေါ်တွင် ကပ်ဘေးကြီးများကျရောက်မည်ဟူသော ဟောကိန်းများ အမြောက်အမြား ထွက်ပေါ်နေသည့်နှစ်တစ်နှစ်ဖြစ်သည်။ ထိုနှစ်တွင် နေမျက်နှာပြင်ပေါ်တွင် နေကွက်များ (Sunspots) များ အများဆုံးဖြစ်ပေါ်မှုနှင့်ကိုက် ညီနေသည့်အတွက် နေမှမီးစွယ်ကြီးများ (Solar Flare) ကြီးများကမ္ဘာ ဘက် သို့လွင့်စင် လာကာ ကမ္ဘာပေါ်တွင်ရာသီဥတုကြီးစွာသောပြောင်းလဲခြင်းများဖြစ်ပေါ်၍ ကပ်ဘေး ကြီးဆိုက်မည် ဟုဆိုကြသည်။ ထို့ပြင် (Pole shift) ခေါ် သံလိုက်ဝင်ရိုးစွန်းနေရာများ လွဲပြောင်းသွားသည့်အတွက် ကမ္ဘာ့ကျောက်ချပ်လွှာကြီးများရွေ့လျားမှုပုံစံတစ်မျိုးဖြစ် ကာ မီးတောင်ပေါက်ကွဲခြင်း၊ မြေငလျင်လှုပ်ခြင်း၊ စူနာမိခေါ်လူသတ်လှိုင်းများဖြစ် ပေါ်မှုများကြောင့် ကပ်ဘေးကြီးဆိုက်မည်ဟုလည်း တမျိုးဆိုကြပြန်သည်။ တဖန် (Pole Reversal) ခေါ် ကမ္ဘာ့တောင်မြောက်ဝင်ရိုးစွန်းများ ပြောင်းပြန်ပြောင်းလဲမှုကြောင့် ကမ္ဘာမြေကြီးပြောင်းပြန်လည်ပတ်ကာ အထက်ဖော်ပြပါအတိုင်း ကပ်ဘေးကြီးများ ဆိုက်ရောက်မည်ဟူလည်း ဆိုကြပြန်သည်။ ထို့ပြင် အထက်ဖော်ပြပါ ၂၀၁၂ ခုနှစ်တွင် နိဘီးရု (Nibiru) ခေါ်နေစကြ၀ဠာ အတွင်း ပျောက်ကွယ်နေသော အလွန်ကြီးမား သည့်ဂြိုဟ်ကြီးတစ်လုံး နေဘက်သို့ရောက်ရှိလာချိန်တွင် ကမ္ဘာ အနီးမှဖြတ်သန်းသည့် အတွက် ကမ္ဘာပေါ်သို့ ကြီးမားသည့်ဆွဲငင်အားကြီးများကျရောက်ကာ ကမ္ဘာပေါ် တွင် ဘေးဒုက္ခရောက်မည်ဟူသောအယူအဆကလည်း တည်ရှိနေပြန်သည်။ အထက်ဖော် ပြပါ အကြောင်း အချက်များ အပြင် နော့စထရာဒါးမတ်အမည်ရှိ ပရောဟိတ်ကြီး၏ ကမ္ဘာပေါ်တွင် ကပ်ဘေးကြီးကျရောက် မည့်ဟောကိန်းတို့သည်လည်း ၂၀၁၂ ခုနှစ် တွင် ကျရောက်နေသည်ဟု ယူဆကြသူများလည်းရှိသည်။ ယင်းအယူ အဆများ ဟောကိန်းများသည် ဖြစ်ပေါ်နိုင်သည် မဖြစ်ပေါ်နိုင်သည်ကို တထစ်ချပြောဆိုရန် ခက်ခဲ လှသောအကြောင်းအရာများဖြစ်သည်။ သို့သော်တစ်ခုသေချာသည်မှာ ထိုကဲ့သို့ ဟောကိန်းများ သမိုင်းစဉ် တစ်လျှောက်လုံးတွင်လည်း စဉ်ဆက်မပြတ်ပင် ပေါ်ပေါက်ခဲ့ သည်။ ဥပမာအားဖြင့်သက္ကရာဇ် ၂၀၀၀ ပြည့်နှစ်က လည်း ဟောကိန်းများ ထွက်ပေါ်ဖူး ခဲ့သည်ကိုသိကြမည်ဖြစ်သည်။ ထိုကဲ့သို့ ကမ္ဘာပေါ်တွင် ကပ်ဘေးကြီးများ ကျရောက် မည်ဟူသည့်အယူအဆများတွင် အကျယ်လောင်ဆုံးပြောဆိုမှုမှာ မာယာတို့ ၏ပြက္ခဒိန် (Maya Calendar) အယူအဆပင်ဖြစ်သည်။

နာမည်ကြီးလှသောမာယာတို့ပြက္ခဒိန်
မာယာ ပြက္ခဒိန်ကား နာမည်ကြီးလှသလို ဆန်းပြားမှုများလည်းရှိနေခဲ့သည်။ စာရေးသူတို့လက်ရှိ အသုံးပြုနေသော ပြက္ခဒိန်များတွင် သာသနာသက္ကရာဇ် ကိုဖော်ပြသော ဘာသာရေးဆိုင်ရာပြက္ခဒိန်၊ မြန်

မာပြက္ခဒိန်၊ အင်္ဂလိပ်ပြက္ခဒိန် (Gregorian Calendar) စသည်ဖြင့် အမျိုးမျိုးရှိကြသကဲ့သို့ မာယာတို့ အသုံးပြုခဲ့သောပြက္ခဒိန်များမှာလည်း (၃) မျိုး တည်ရှိနေခဲ့သည်။ ပထမတစ်မျိုးမှာ နေပြက္ခဒိန် (Solar Calendar) ဟုယူဆရမည်ဖြစ်သော (Haab') အမည်ရှိ ပြက္ခဒိန်ဖြစ်ပြီး ပြက္ခဒိန်တစ်ပတ်ပြည့်မြောက်ရန် ယနေ့ခေတ် ယူဆသကဲ့သို့ (၃၆၅) ရက်ဖြစ်သည်။ ယင်းပြက္ခဒိန်တွင် တစ်လလျှင် ရက်ပေါင်း (၂၀) ပါဝင်သော



လပေါင်း(၁၈)လ ပါဝင်သည်။ ပြက္ခဒိန် တစ်ပတ်လည်ချိန်တွင် အပိုဖြစ်သော ''ကံဆိုးသည့်ရက်များ"(Unlucky days) ခေါ်ငါးရက် ပေါင်းထည့်ပေးခြင်းဖြင့် (၃၆၅) ရက်ပြည့်မီစေသည်။ ထို့ပြင် ထိုပြက္ခဒိန်တွင် ပါဝင်သော ရက်တစ်ရက်စီကိုလည်း (Maya glyphs) ခေါ်အရုပ်စာ တစ်ရုပ်စီထား ရှိသည်။

စနစ်နှစ်မျိုးနှင့် ဇိုလ်ကင်ပြက္ခဒိန်ခေါ်ဘာသာရေးပြက္ခဒိန်
ဒုတိယတစ်မျိုးမှာ တစ်ပတ်လျှင် (၁၃) ရက်ပါဝင်သော အလှည့်ကျ ရေတွက်ခြင်းစနစ်နှင့် တစ်ပတ်လျှင် ရက်ပေါင်း (၂၀) ပါဝင်သော အလှည့် ကျ ရေတွက်ခြင်းစနစ်တို့ ပေါင်းစပ် ပါဝင်နေသည့် ပြက္ခဒိန် အမျိုး
အစား ဖြစ်သည်။ အမည်အားဖြင့် (Tzolk'in) အမည်ရှိပြက္ခဒိန်ဖြစ်သည်။ ယင်း ပြက္ခဒိန်သည် ဘာသာရေးအခမ်း အနားများ ကျင်းပရန် မာယာတို့အသုံး ပြုခဲ့ကြသည့်ပြက္ခဒိန်ဖြစ်သည့် အတွက် ကြောင့် ဘာသာရေး အခမ်း အနားတို့ အတွက်ပြက္ခဒိန် (Ceremonial calendar) ဟုလည်း ခေါ်ဆိုနိုင်သည်။ (၁၃) ရက်အလှည့် ကျ ရေတွက်သော စနစ်တွင် ပါဝင်သောရက်များကို ကိန်း ဂဏန်းအားဖြင့် ဖော်ပြပြီး ရက် (၂၀) အလှည့်ကျ ပါဝင်သောစနစ်တွင် ပါရှိသည့်ရက်များကိုမူ သင်္ကေတများ (Glyph) ဖြင့်ဖော်ပြလေ့ရှိသည်။ ယင်းစနစ်နှစ်မျိုး ပါဝင်သော ပြက္ခဒိန် တစ်ပတ်ပြည့်ပါက ရက်ပေါင်း(၂၆၀) ကိုလွန်မြောက်ပြီးဖြစ်သည်။ ဖော်ပြပါ ပြက္ခဒိန်
နှစ်ခုတို့သည် တစ်ခုသည် (၃၆၅) ရက်တွင် တစ်ပတ် ဖြစ်ပြီး ကျန်တစ်ခုမှာ ရက်ပေါင်း (၂၆၀) တွင်တစ်ပတ်ဖြစ် သည်။ သို့အတွက် ယင်း ပြက္ခဒိန်နှစ်ခုတို့သည် နှစ်ပေါင်း (၅၂) နှစ်ကြာတိုင်း ထပ်တူကျအဆုံး သပ်ကြသည်။ သို့အတွက် (၅၂) နှစ်တာအချိန်ကာလသည် ယင်းပြက္ခဒိန်နှစ်ခုတို့ အတွက် ပြက္ခဒိန်တစ်ပတ်ပြည့်လည်ပတ်ချိန် (Calendar Round) ဖြစ်သည်။

နာမည်ကျော် မာယာတို့၏အရှည်ရေတွက်ခြင်းပြက္ခဒိန်
နောက်ဆုံးတစ်ခုသည်ကား နာမည်ကျော် မာယာတို့၏ ပြက္ခဒိန်ဖြစ်သည့် အရှည်ရည်တွက်ခြင်း (Long Count) ပြက္ခဒိန် ပင်ဖြစ်သည်။ အမှန်စင်စစ်အားဖြင့် ယင်းအရှည်ရည်တွက်ခြင်းပြက္ခဒိန်သည် မက်ဆို အမေရိ က ဒေသတစ်ဝှမ်းလုံးတွင် အခြေချ နေထိုင်သောလူမျိုးစုများ အားလုံးအသုံးပြုခဲ့ကြသော ပြက္ခဒိန်ဖြစ်သည်။

သို့သော်မာယာ လူမျိုးစုတို့ မှ အထူးထင်ရှားစွာ အသုံးပြုခဲ့၍ မာယာတို့၏ ပြက္ခဒိန်အဖြစ် လူသိများရခြင်းဖြစ် သည်။ ယင်းပြက္ခဒိန်သည် တစ်မူထူးခြားသော ပြက္ခဒိန်တစ်ခုလည်းဖြစ်သည်။ အခြားပြက္ခဒိန်များ ကဲ့သို့ နှစ် ကာလ သတ်မှတ်ခြင်းမရှိဘဲ တစ်ဆက်တည်း ရေတွက်သည့်အမျိုးအစားဖြစ်သည်။ စတင်ရေတွက်သည့် နေ့မှာ လည်း မာယာတို့ ဘာသာရေးယုံကြည်မှုများအရ ယခုကမ္ဘာကြီး (ပဉ္စမမြောက် ကမ္ဘာကြီး) စတင်ဖန်ဆင်းသည့် ရက်မှစတင်ကာ ကမ္ဘာကြီး သက်တမ်း ကုန်ဆုံးသည့်နေ့ တိုင်အောင် တစ်ဆက်တည်းရေတွက် သည့်စနစ်ဖြစ် သည်။ ရေတွက်သည့်စနစ်တွင် လည်း ယခုလက်ရှိအသုံးပြုနေသည့်ပြက္ခဒိန်တွင်ပါဝင်သော လ၊နှစ်၊ ရက် စသည် တို့ ကဲ့သို့ နှိုင်းယှဉ်စဉ်းစားနိုင်သည့်အချက်များပါဝင်သော်လည်း တစ်ပတ်လည်နှစ် အဖြစ်ကား နှစ်ပေါင်း (၅၁၂၅) နှစ် ပတ်လုံးထပ်ခြင်းမရှိတစ်ဆက်တည်း ရေတွက်ခြင်း မျိုးဖြစ်သည်။ ဤနေရာ၌ မာယာတို့၏ပြက္ခဒိန် အားပိုမိုနားလည်စေရန် မာယာတို့၏ ရေတွက်ခြင်းစနစ်များအားအနည်းငယ်သိထားသင့်သည်။

မာယာတို့၏ရေတွက်ခြင်းစနစ်များ
မာယာမျိုးနွယ်စုတို့ကား ရေတွက်ခြင်းစနစ် (သင်္ချာစနစ်) အား တီထွင်အသုံး ပြုနိုင်စွမ်းသောလူမျိုးစုများဖြစ် သည်။ အထူးသဖြင့် ''သုည''အား စတင်အသုံးပြုခဲ့ ကြသည့် လူမျိုးစုဖြစ်သည်ဟု သုတေသီတို့သတ်မှတ် ထားကြသည်။ မာယာတို့၏ သုညသင်္ကေတ မှာ ခရုကဲ့သို့ပုံသဏ္ဍာန်ရှိသော သင်္ကေတ ဖြစ်

သည်။ ရေတွက်ခြင်း ကို ပြသည့်ကိန်းဂဏန်းများမှာမူ အစက်များနှင့်မျဉ်းကြောင်းများဖြစ်ကြသည်။ အစက် တစ်စက်သည် ''တစ်'' (၁) ဖြစ်ပြီး၊ အစက်နှစ်စက်သည် ''နှစ်''(၂) ဖြစ်သည်။ (၁) မှ (၄) အထိသင်္ကေတများ သည် အစက်များဖြစ်သော်လည်း ''ငါး''အတွက် သင်္ကေတမှာမူ မျဉ်းတစ်ကြောင်းဖြစ်သည်။ (ပုံနှင့် နှိုင်းယှဉ်ကြည့်ရန်)
ထို့ပြင် နောက်သိရမည့်အချက်မှာ ''အခြေ'' (Base)ဖြစ်သည်။ စာရေးသူတို့ ယနေ့အသုံး ပြုနေကြ သည့်ရေတွက်ခြင်း စနစ်များတွင် အခြေအမျိုးမျိုးရှိကြသည်ကို သိထားသင့်သည်။ ပထမအားဖြင့် ကိန်းဂဏန်း သင်္ချာရေတွက်သည့်ပုံစံသည် အခြေ''၁၀'' ရှိသောရေတွက်မှုဖြစ်သည်။ သို့သော် ဒါဇင် (dozen) ရေတွက်မှုမှာမူ အခြေ ''၁၂''ရှိသော ရေတွက်မှုဖြစ်သည်။ နာရီများ၊ မိနစ်များနှင့်စက္ကန့်များမှာမူ အခြေ''၆၀''ရှိ သောရေတွက်မှု ပုံစံဖြစ်သည်။ ထို့အတူ မာယာတို့ ပြက္ခဒိန်တို့တွင်လည်း အခြေ ရေတွက်ခြင်းအမျိုးမျိုးရှိသည်။ မာယာတို့၏




Tzolk'in ခေါ်ပြက္ခဒိန်သည် အခြေ ''၁၃''ရှိ သော ရေတွက်မှုပုံစံဖြစ်ပြီး အရှည်ရည် တွက် ခြင်း ပြက္ခဒိန် (Long Count) အခြေ ''၂၀'' နှင့် အခြေ ''၁၈''တို့ရောထွေး ပါဝင်လျက်ရှိသည်။ အရှည်ရေတွက်ခြင်းပြက္ခဒိန် ပါ ရက်များ ကိုဖော်ပြရာတွင် ဂဏန်း (Digit) ငါးလုံးဖြင့်ဖော်ပြခြင်းဖြစ်သည်။ မြန်မာတို့ကိန်းဂဏန်းရေတွက်ရာတွင် ကုဋေ၊ သန်း၊ သိန်း၊ သောင်း၊ ထောင်၊ ရာ၊ ဆယ်၊ ခု စသည်ဖြင့် တည်ရှိသကဲ့သို့ အရှည်ရည်တွက် ခြင်းတွင်လည်း baktun,k'atun, tun, winal, နှင့် k'in ဟူ၍ အဆင့်ဆင့် ရေတွက်ခြင်း ဖြစ်သည်။ k'in သည် ''ရက်''ကို ညွှန်းခြင်းဖြစ်ပြီး အသေးဆုံး ရေတွက်ခြင်းပုံစံဖြစ်သည်။ ရေတွက်ခြင်း အဆင့်တစ်ခုနှင့် တစ်ခုကြား ဆက်သွယ်မှု များ ကို နားလည်စေရန် အောက်ပါဆက် သွယ်ချက်ပုံစံကို ဖော်ပြအပ်ပါသည်။

1 k'in = 1 day
20 k'in = 1 winal
18 winal = 1 tun
20 tun = 1 k'atun
20 k' atun = 1 baktun

သို့အတွက် အရှည်ရည်တွက်ခြင်းတစ်ခုတွင် ဖော်ပြထားသောကိန်းဂဏန်း သည် 1.0.0.0.0 ဖြစ်သည်ဆိုပါစို့။ ယင်းဖော်ပြချက်ကို အစဉ်လိုက်အတိုင်း စီကြည့် မည်ဆိုပါက 1baktun, 0 k'atun, 0 tun, 0 winal, 0 k'in ဖြစ် လာမည်ဖြစ်သည်။ သို့အတွက် အထက်ဖော်ပြပါဆက်သွယ်ချက်များအတိုင်း ရက်ကိုတွက်ချက်ကြည့်မည် ဆိုပါက 1.0.0.0.0. သည် ရက်ပေါင်း (144000) ရက်နှင့် ညီမျှနေကြောင်း တွက် ချက်နိုင်မည်ဖြစ်သည်။ ယင်း အဓိပ္ပါယ်မှာ ယနေ့ကမ္ဘာကြီးစတင်ဖန်ဆင်းသည်မှ ရက်ပေါင်း (144000) မြောက်သောနေ့ဟု အဓိပ္ပါယ်ပင်ဖြစ် သည်။
အရှည်ရည်တွက်ခြင်းနေ့စွဲများကိုကာလကြာမြင့်စွာ တည်ရှိနေမည့် အဆောက် အအုံတို့တွင်ရေး ထိုးလေ့ ရှိခဲ့ကြ သည်။ ရေးထိုးပုံနည်းစနစ်မှာ ကျွန်ုပ်တို့ နေ့စွဲများရေးထိုး စဉ် ခုနှစ်၊ လ၊ ရက်ကို တစ်ဆက်တည်းရေးထိုး သည့်ပုံစံအတိုင်း ပင် ဖြစ်သည်။ အရှည်ရေတွက်ခြင်းခုနှစ်များတွင် အထက်ဖော်ပြပါ နေပြက္ခဒိန် ရက်များနှင့် Tzolk'in ပြက္ခဒိန် စနစ်ပါရက်များပါ ဆက် စပ်ရေးထိုးခြင်းဖြစ်သည်။ ထို့အပြင်နေ့စွဲ ရေးထိုးရာတွင် အကြမ်း အားဖြင့် ကော်လံ နှစ်ခုခွဲခါရေးထိုးလေ့ရှိပြီး ကိန်းဂဏန်းများကို ဒေါင်လိုက်ရေးသားလေ့ရှိသည်။
ပုံတွင် မာယာ အဆောက်အအုံ ဟောင်း တစ်ခုတွင်ရေးထိုးထားသော ရက်စွဲ တစ်ခုအား နမူနာအဖြစ် ဖော်ပြ



ထားသည်။ ပုံ၏လက်ဝဲဘက်ကော်လံတွင် ကိန်းဂဏန်း ဖော်ပြထားသော အစက်များမျဉ်းကြောင်းများ အားတွေ့မြင်ရမည်ဖြစ်သည်။ ယင်းတို့ အား စီစဉ်ကြည့်မည်ဆိုပါက (7.16.6.16.18) ဟူ သော ကိန်းအစဉ် ကို မြင်တွေ့နိုင် မည်ဖြစ်သည်။ အထက်ပါကိန်း အစဉ်အား အထက်တွင် ဖော်ပြထားသည့် ဆက်သွယ်ချက် အားဖြင့် ရက်ဖွဲ့တွက်ချက်မည် ဆိုပါကရက် ပေါင်း (1,125,698) ရက်နှင့်ညီမျှ လျက်ရှိကြောင်း တွေ့ ရမည် ဖြစ် သည်။ သို့အတွက် အဆောက် အအုံသည် ကမ္ဘာကြီးအားဖန်ဆင်းသည့် ရက် နောက်ပိုင်း (1,125,698) ရက်နေ့တွင်တည် ဆောက်ခဲ့သောအဆောက်အအုံဖြစ်ကြောင်း သိရှိရသည်။ ဤကားနာမည်ကြီးလှသော မာယာတို့၏ အရှည်ရည်တွက်ခြင်းအား သိသာ စေရန်အချို့အားတင်ပြခြင်းဖြစ်သည်။ မာယာပြက္ခဒိန်နှင့်ကမ္ဘာမြေ၏နောက်ဆုံးရက် အေဒီ (၇၇၅) ခုနှစ်တွင်ဖြစ်သည်။ မာယာတို့၏အရှင်မင်းမြတ်ဖြစ်တော်မူ သော K'ak' Tiliw Chan Yoat သည် ယခုခေတ် ဂွာတီမာလာနိုင်ငံ၊ အစ်ဇဘဲလ် (Izabal) တွင်တည်ရှိနေသော မြို့တော် Quirigua တွင် အလွန်ကြီး မားသော ကျောက်တိုင်ကြီးတစ်ခုအားစိုက်ထူတော်မူခဲ့သည်။ ယင်းကျောက်တိုင်ကြီး အား နောက်ပိုင်းတွေ့ ရှိသူ ရှေးဟောင်း သုတေသနပညာရှင်တို့မှ အမှတ်သင်္ကေတအားဖြင့် စတယ်လာစီ (Stela C) ဟု အမည် မှည့်ခေါ် ထားကြသည်။ ယင်းကျောက်တိုင် ကြီးပေါ်တွင် ရှေးဟောင်းအရုပ်စာ (Hieroglyphic) များဖြင့် မာယာ တို့ ယုံကြည် သော ဖန်ဆင်းခြင်းဆိုင်ရာအယူအဆများ ကို ဖော်ပြထွင်းထုထားခဲ့ကြ သည်။ ကျောက်တိုင်ပေါ် တွင် ယနေ့ခေတ်လူသားများစတင်ဖြစ်ပေါ်ခဲ့သောခုနှစ် (သို့) ယနေ့ကမ္ဘာကြီး အားစတင်ဖန်ဆင်းသော ခုနှစ် အား မာယာတို့၏ သင်္ကေတအားဖြင့် 13.0.0.0.0. 4 Ahaw, 8 Kumk'u (မာယာသင်္ကေတများမှ အင်္ဂလိပ် ဘာသာ သို့ပြန် ဆိုချက်) ဖော်ပြထားခဲ့သည်။ ယင်းနေ့ရက်အားယနေ့အသုံးပြုနေသော ပြက္ခဒိန်ရက်များ အဖြစ် ပြောင်းလဲတွက်ချက်သောအခါ စတင်ဖန်ဆင်းသောနေ့သည် ဘီစီ ၃၁၁၄ ခုနှစ်၊ သြဂုတ်လ (၁၃) ရက် (August 13, 3114 BC) ဖြစ်ကြောင်းတွေ့ရသည်။ ယင်းနေ့မှစတင်ကာ မာယာတို့၏ အရှည်ရည် တွက်ခြင်းပြက္ခဒိန် (Long Count Calendar) သည် စတင်ရည်တွက်ခဲ့တော့သည်။မာယာတို့ အယူအဆ များ အရယင်းနေ့တွင် ဖန်ဆင်းရှင်ဘုရားသခင်သည် အလွန့်အလွန်ကြီး မားသော ကျောက်တုံးကြီးသုံးတုံးအား ကောင်းကင်သို့ မ တင်လိုက် သည်။ ထို့နောက်တွင် ကမ္ဘာဦးအစ တွင်တည်ရှိနေသော အနက်ရောင်ပင်လယ်ပြင်ကြီးမှ မြင့်မြတ်သော အသက်သစ်ပင် (Sacred tree of life) အား ယင်းကျောက်တုံး ကြီးများပေါ်၌ စိုက်တင်လိုက်သည်။ ယင်း ကျောက်တုံးကြီးများသည် စကြ၀ဠာတစ်ဝှမ်း လုံး၏ အလယ်ဗဟိုဖြစ်လာခဲ့သည်။ ထို့နောက်တွင်ကား ဖန်ဆင်းရှင်သည် အံသြဖွယ် ရာကောင်းလှသော လျှပ်လက်ခြင်းတစ်ခုကိုပြုလုပ်ခြင်းဖြင့် အသစ်ဖြစ်သောအသက် တို့ရှင်သန်လာကာ ပဉ္စမမြောက်ကမ္ဘာကြီး စတင်သက်ဝင်လှုပ်ရှားလာခဲ့သည်။ ယင်းနေ့သည် အထက်ဖော်ပြပါ ဘီစီ ၃၁၁၄ ခုနှစ်၊ သြဂုတ်လ (၁၃) ရက်နေ့ပင်ဖြစ်တော့သည်။ မာယာတို့၏ ဖန်ဆင်းခြင်းဆိုင်ရာအယူအဆများအရ ယနေ့နေထိုင် လျက်ရှိသော





ကမ္ဘာသည် ဖန်ဆင်းရှင်ဖန်ဆင်းသော ပဉ္စမမြောက်ကမ္ဘာ ဖြစ်သည်ဟုဆို သည်။ ပဉ္စမမြောက် ကမ္ဘာမတိုင်မီ ဖန်ဆင်း ခဲ့သော ကမ္ဘာများသည်လည်း သက်ဆိုင်ရာ နှစ်အပိုင်းအခြားများ အလိုက်ပျက်စီးခြင်း သို့ရောက်ရှိခဲ့ပြီဖြစ်သည်။ ထို့အတူ ယနေ့နေထိုင်သော ကမ္ဘာကြီးပျက်စီးမည့်ရက် (သို့) မာယာတို့၏ပြက္ခဒိန် ကုန်ဆုံးမည့် ရက်အားလည်း 13.0.0.0.0 4 Ahaw 3 Kan'kin (မာယာသင်္ကေတများမှ အင်္ဂလိပ်ဘာသာသို့ပြန် ဆိုချက်) ရက်ဟုဖော်ပြထားရှိသည်။ ယင်းရက်သည်ကား ယနေ့ခေတ်ပြက္ခဒိန်ရက်အရ အေဒီ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာ (၂၁) ရက် (Dec 21, 2012 AD) ပင်ဖြစ်တော့သည်။ တနည်းဆိုသော် မာယာတို့၏ပြက္ခဒိန် တစ် ပတ်ပြည့် ချိန် (5125) နှစ်ပြည့်မည့်အချိန်လည်း ဖြစ်တော့သည်။

မှီငြမ်းကိုးကားစာအုပ်များနှင့် ၀က်ဘ်ဆိုက်များ
-

World-famous unsolved mysteries written by Abhay Kumar Dubey
- http://www.crystalinks.com/mayan.html - http://www.ancientscripts.com/maya.html - http://www.authentiemaya.com/maya_cosmology.htm

layout = standard / button_count [choose layout] show_faces = true / false [show picture] action = like / recommend [option : Like or Recommended button] colorscheme = light / dark [color] height: 60px [adjust height]

ထူးဆန်းသောဖြစ်စဉ် သို့မဟုတ် အိပ်မက်များ

ကျွန်တော်တို့ မကြာခဏဆိုသလို အိပ်မက် မက်ဖူးကြပါတယ်။ အိပ်မက်ထဲမှာ ၀မ်းနည်းစရာ ကြုံခဲ့မယ် ဆိုရင် မျက်ရေတွေကျတတ်သလို၊ အိပ်မက်ထဲမှာ ထိတ်လန့်စရာတွေနဲ့ တွေ့ကြုံခဲ့မယ်ဆိုရင်လည်း ရင်တွေခုန်ပြီး အိပ်ယာက နိုးလာတတ်တယ်။ ဒါပေမဲ့ ကိုယ်ချစ်ရတဲ့သူ ကိုယ်မြတ်နိုးရသူနဲ့ အိပ်မက်ထဲမှာ တွေ့ကြရင် တော့ အိပ်ယာက နိုးလာခဲ့ရင်တောင် အိပ်မက်ကလေးကို နှမြောတသရှိနေလိမ့်မယ်။ ဒါဖြင့်ရင် အိပ်မက်ဆိုတာ ဘာတွေလဲ။ ကျွန်တော်တို့ အိပ်မက်မက်တော့မှ ရောက်နိုင်ကြတဲ့ ကမ္ဘာတစ်ခုလား။ အိပ်မက်ထဲက ခံစား မှုတွေနဲ့ အပြင်လောကက ခံစားမှုတွေဘာလို့တူနေရတာလဲ။ အိပ်မက်ထဲမှာ လူတစ်ဦးတစ်ယောက်ကို တွေ့ရ ရင် အဲဒီလူရဲ့ဝိညာဉ်နဲ့ အိပ်မက်ထဲမှာ တကယ်တွေ့တာလား။

ပြောရမယ်ဆိုရင်တော့ အိပ်မက်တွေက ထူးဆန်းလွန်းလှပါတယ်။ ကျွန်တော်တို့ တစ်သက်တာမှာ အိပ်မက် မက်တဲ့ အကြိမ်ပေါင်းကလည်း မနည်းသလို၊ အိပ်မက်ထဲကပေးတဲ့ခံစားမှုတွေကလည်း အများကြီးပါဘဲ။ အဲဒီ ထူးဆန်းလှတဲ့ အိပ်မက်တွေအကြောင်းကို စာရေးသူစိတ်ဝင်စားသလို စာဖတ်သူလည်း စိတ်ဝင်စားမယ်ထင် လို့ စာရေးသူဆောင်းပါးလေး တစ်ပုဒ်ရေးထားပါတယ်။ ဖတ်ပါ။ ဝေဖန်ပါ။

အက်ဂါကေစီ၏ အိပ်မက်များ




ထူးဆန်းသော အိပ်မက်တစ်ခု
အလင်းရောင်သည် ခတ်မှိန်မှိန်ဖြစ်သော်လည်း အရာအားလုံးကို ရှင်းရှင်း လင်းလင်းမြင်တွေ့နေရသည်။ ကျွန်တော်ရောက်ရှိနေသည့်နေရာက ကိုယ့်အိမ်လည်း မဟုတ်၊ ကိုယ်ဖွင့်လှစ်ထားသည့်ကိုယ့်ဆိုင်လည်းမဟုတ်။ သို့သော်စိမ်းနေသည့် နေရာတစ်ခုတော့မဟုတ်၊ အမှတ်ထင်ထင်ဖြစ်နေသည်က ကွန်ပျူတာတစ်လုံးရှေ့တွင် ကျွန်တော်ထိုင်နေချိန်ဖြစ်သည်။ ထိုအချိန်တွင် ''သူ'' ရောက်လာသည်။ မြင်နေကျလို့ စိတ်ထဲကထင်နေသည့် ရှပ်အင်္ကျီအဖြူရောင်နှင့် ပုဆိုးအပြာကွက်ကို ၀တ်ဆင်ထား သည်။ သူကခေါ်နေကျအတိုင်း ''ဆရာကြီး ကို မေးစရာရှိ လို့လာခဲ့တာဗျ'' ဟုဆိုသည်။ ကျွန်တော်က ''ဘာများလဲအန်ကယ်ရဲ့''ဟု မေးလိုက်တော့ ''အခြားကပို့လိုက်တဲ့ အီးမေးလ်ကို ကြားကဖြတ်ယူလို့ရသလားဗျ''။ ''အဲဒါတော့ ကျွန်တော်လည်း သေသေ ချာချာမသိဘူး၊ အန်ကယ်ကြီးဘာဖြစ်နေလို့လဲ'' ဟု ကျွန်တော်ပြောရာ ''အေးဗျာ ကျွန်တော့်ကွန်ပျူတာကို တစ်ချက်လိုက်ကြည့်ပေးစမ်းပါ။ သမီးကပို့လိုက်တဲ့ အီးမေးလ်တွေ ကျွန်တော်မရလို့'' ဟု ''သူ''က ပြောပါသည်။ ဒါနဲ့ကျွန်တော်လည်း ''သူ့''နောက်သို့လိုက်ပါသွားမိသည်။



သူသည် ကျွန်တော့်ကို သွက်လက်စွာ ဦးဆောင် ခေါ်သွားရာ မြစ်ကမ်းပါးတစ်ခုနားသို့ ရောက်ရှိသွားသည်။ ထိုနေရာတွင် ကမ်းပါးပေါ် မှ အောက်ခြေရေစပ်အထိသစ်သားနှင့် ပြုလုပ်ထားသော တံတားငယ်တစ်ခုကို တွေ့ရသည်။ သူသည် ထိုတံတားအတိုင်း ရေစပ်ဆီသို့ဆက်လက်ဆင်းသွားခဲ့သည်။ ဆင်းသွားနေစဉ်တွင် တံတား ငယ် ''ခင်းပျဉ်'' တစ်ချပ်ကျိုးကျသွားရာ သူလည်းကျွံကျသွားတော့သည်။ ကျွန်တော်လည်း သူ့အတွက် အလွန် စိတ်ပူ သွားမိ သည်။ ခြေထောက်များကျိုးသွားမလားဟု စိုးရိမ်စိတ်ဖြစ်ပေါ်မိသည်။ သို့သော် အံ့သြဖွယ်ရာပင် သူသည် လူငယ်လေးတစ်ယောက်သဖွယ်အမြန်ကုန်းထပြီး ကျွန်တော့် အား ဆက်လက်လိုက်ခဲ့ရန်ပြော ကာ ရေစပ်ဆီ သို့ဆက်လက်ထွက်ခွာ သွားခဲ့သည်။ ကျွန်တော်လည်း နောက်မှလိုက်ရာ သူကျွံကျသွား သော အပေါက်နေရာ တွင်လိမ့်ကျ မလိုဖြစ်ကာ လန့်နိုးလာခဲ့သည်။ အထက်ပါ အကြောင်းအရာများ သည် ကျွန်တော်နှင့် အိမ်နီးနား ချင်း၊ ခင်မင်ရသောအသက်(၇၀)ကျော် ကျွန်တော် က ''အန်ကယ်ကြီး'' ဟုခေါ်သည့် အဖိုးအိုတစ်ဦး ကွယ်လွန် သွားပြီးနောက် တစ်လခန့်အကြာတွင် သူနှင့် ပတ်သက်၍မြင်မက်ခဲ့သော ''အိပ်မက်'' တစ်ခုမှမှတ်မိသမျှသော အပိုင်းအစတစ်ခု ပင်ဖြစ်သည်။ သူဆုံးသွားစဉ်က ခင်မင်ခဲ့သည့် သံယောဇဉ်ကြောင့် စိတ်မကောင်းသော ခံစား မှု တစ်ခု ဖြစ်ပေါ်ခဲ့ဖူးသည်။ သို့သော် သေသောသူကြာရင်မေ့ဆိုသကဲ့သို့ တစ်လ လောက်ကြာသော အခါ တွင် မေ့သလောက်ပင် ဖြစ်နေခဲ့သည်။ အထူးအထွေ သတိရ ခြင်းလည်းမရှိ။ သို့သော်မြင်မက်ခဲ့သည်။ အဘယ့်ကြောင့်နည်း။ ဒီလိုအိပ်မက် မက်ကြောင်း ကျန်ရစ်သူ သူ့အမျိုးသမီး အား ပြောပြသည့်အခါ ၀တ်ကောင်း စား လှနဲ့ ဆိုတော့ သူကောင်းရာမွန်ရာရောက် သွားပြီထင် သည် ဟု ကောက်ချက်ချခဲ့သည်။ ကျွန်တော်အံ့သြရသည်။ အိပ်မက်အတွင်း ၀တ်ကောင်းစားလှများဝတ်ဆင်ထား လျှင် ကောင်းရာမွန်ရာ သို့ရောက် သည်ဟု ယူဆရမည်လား။ သို့ဆိုလျှင် အိပ်မက်သည် တစ်စုံတစ်ရာသော သတင်းပို့မှု တစ်ခုလေ လား။ အိပ်မက်များအကြောင်းစဉ်းစားမိသည့် ကျွန်တော့်အတွက်ကား ပဟေဠိတစ် ခု ဖြစ်လာစေ ခဲ့သည်။ လူတိုင်းလူတိုင်း ထိုကဲ့သို့ပင် အိပ်မက်များကို ပုံသဏ္ဍာန်မျိုးစုံဖြင့် မြင်မက်ဖူးကြသည်။ အဘယ့်ကြောင့် အိပ်မက်များ မြင်မက်ကြပါသနည်း။

အိပ်မက်ခြင်းဆိုင်ရာ ရှေးဦးအယူအဆများ
အိပ်မက်အား အဓိပ္ပါယ်အမျိုးမျိုးဖွင့်ဆိုကြသည်။ အိပ်မက်ဆိုသည်မှာ အိပ်ပျော်နေစဉ်အတွင်း စိတ်တွင်ဖြစ်ပေါ် လာ သည့် အတွဲလိုက်ဖြစ်နေသည့် ပုံရိပ်များနှင့် စိတ်ခံစားလှုပ်ရှားမှုများဟူ၍လည်းကောင်း၊ အိပ်မက်ဆိုသည် မှာ ပုံမှန်အိပ်စက်ခြင်း (rapid eye movement sleep) ဖြစ်ပေါ်နေစဉ်အတွင်း မြင်တွေ့ရသောပုံရိပ်များ၊ အတွေးအမြင်များနှင့်ခံစားမှုများဖြစ်သည်ဟူ၍လည်းကောင်း အဓိပ္ပါယ်အမျိုးမျိုးဖွင့်ဆို ကြသည်။ လူသားတို့ သည် ''အိပ်မက်''များအား ထူးဆန်းသောအကြောင်း အရာ တစ်ခု အဖြစ်မှတ်ယူကြသည်။ နေ့စဉ်နေ့တိုင်း မိသားစု အတွင်း၊ အသိုင်းအ၀ိုင်း အတွင်းမကြခဏဆိုသလိုပင် ''အိပ်မက်'' အကြောင်းပြောဆိုကာ ''အတိတ်'' ကောက်ယူတတ်ကြသည်။ သိပ္ပံပညာရှင်များအဆိုအရ လူတစ်ဦးသည် တစ်သက်တာ အတော အတွင်း အိပ်မက်မက်သည့်ကာလများပေါင်းလိုက်လျှင် (၆) နှစ်မျှပင် အချိန်ရှိ သည်ဟု တွက်ချက်ထားကြသည်။ ဗုဒ္ဓ၀င်စာပေများတွင် ကြည့်မည်ဆိုလျှင်လည်း ''အိပ်မက်'' အကြောင်းပါဝင်သည်ကို တွေ့ရမည်ဖြစ်သည်။



ဘုရားအလောင်းတော် ပဋိသန္ဓေယူစဉ်အခါတွင် မယ် တော်မာယာ မြင်မက်ခဲ့သော ''အိပ်မက်'' သည် အထင်အရှား ပင်ဖြစ်သည်။ ''အိပ်မက်'' အား နိမိတ်ဖတ်စေသောအခါတွင် လည်း မြတ်စွာဘုရား အလောင်း တာ် ပဋိသန္ဓေယူကြောင်း သိခဲ့ ရပြန်သည်။ သို့အတွက် ''အိပ်မက်'' ဆိုသည်မှာ မြန်မာ များအဖို့ နိမိတ်ဟုပင် အတော် များများ မှတ်ယူထားကြသည် ငါးများ၊ မြွေများအကြောင်း အိပ်မက်မက်လျှင် ငွေရတတ် သည် ဟု လည်းကောင်း အ၀တ်အစားညှိုးနွမ်းစွာ ၀တ်ဆင်ထားသည့် ကွယ်လွန်သည့် မိသားစုဝင်များကို မြင်မက် လျှင် ကောင်းရာသုဂတိမရောက်သေးဟု လည်းကောင်း အတိတ်ကောက်ယူတတ်ကြသည်။

အီဂျစ်နှင့်ဂရိတို့၏အိပ်မက်များ


ရှေးဟောင်းအီဂျစ်လူမျိုးများသည်လည်း အိပ်မက်ခြင်းသည် သဘာဝ လွန်ကမ္ဘာ (Supernatural World) ၏ အစိတ်အပိုင်းတစ်ခုနှင့် ဆက်သွယ်ခြင်း ဖြစ်သည်ဟု ယူဆခဲ့ကြသည်။ သို့အတွက်ကြောင့်ပင် အိပ်မက်များ သည် ဘုရား သခင်ထံမှ ပြည်သူပြည်သား များထံသို့ ကြမ္မာကောင်းများနှင့် ကြမ္မာဆိုးများအတွက် ကြိုတင် သတင်းပို့သည့် အချက်ပြများ ဖြစ်သည်ဟု မှတ်ယူခဲ့ကြသည်။ သို့အတွက်ကြောင့်ပင် ရှေးခေတ် အီဂျစ် တို့သည် ဘ၀တွင် အခက်အခဲ တစ်စုံတစ်ရာ ဖြစ် ပေါ်လာပါက ဘုရားကျောင်း သို့ သွားရောက်ညအိပ် ပြီး အိပ်မက်ယူသည့် ဓလေ့တစ်ခုတည်ရှိခဲ့သည်။ နံနက်လင်း၍ အိပ်ယာမှ နိုးသောအခါ သူတို့၏အိပ်မက်များကို လျှို့ဝှက်ဆရာ (Master of Secret Things) ဆီသို့သွားရောက်အတိတ်ကောက်ယူခြင်းဖြင့် အခက်အခဲ များ အား ကျော်ဖြတ်နိုင်မည့် နည်းလမ်းများ ကိုရ ယူခဲ့ကြသည်။

ဂရိလူမျိုးများသည်လည်း အိပ်မက်များသည် သူတို့၏ ဘုရားသခင်များထံမှ ပို့လွှတ်သောသတင်းစကား များ ဖြစ်သည်ဟုပင် ယူဆခဲ့ကြသည်။ အိပ်မက်များအား အဓိပ္ပါယ်ဖော်ရာတွင်လည်း ဘုရားကျောင်းများမှ ဘုန်းကြီး (Priest)တာဝန်ယူ လုပ်ဆောင်ပေးကြသည်။ အထူးသဖြင့် ဂရိလူမျိုးတို့ သည် ရောဂါဝေဒနာ တစ်ခုကို ခံစားရပါက အိပ်မက်များရယူခြင်းဖြင့်ကုစားခဲ့ကြသည်။ အီဂျစ်လူမျိုးများကဲ့သို့ ဘုရားကျောင်းကို သွားရောက် အိပ်စက်ခါ အိပ်မက်ယူကြရသည်။ တစ်ည နှစ်ညသာမဟုတ် မှန်ကန်သော အိပ်မက်တစ်ခုရရှိရန်အတွက် လနှင့်ချီကာ အိပ်စက် ရယူကြရသည်။

အိပ်မက်ဖြစ်စဉ်အပေါ်သိပ္ပံနည်းကျ အယူအဆများ
သို့သော် (၅) ရာစု နောက်ပိုင်းတွင် အိပ်မက်အပေါ် သိပ္ပံနည်းကျ လေ့လာ ဆန်းစစ်ချက်များ စတင်ခဲ့သည်။ ဂရိလူမျိုးတွေးခေါ်ပညာရှိ ဟီရကလိတပ်စ် က လူတစ်ဦးတစ်ယောက်၏ အိပ်မက်ဆိုသည်မှာ ထိုသူ၏ ''စိတ်'' (mind) အတွင်း ဖန်တီးသည့်ကမ္ဘာတစ်ခု ဖြစ်သည် ဟု ထုတ်ဖော်ခဲ့သည်။ သို့သော် ဂရိတွေးခေါ် ပညာရှင် ပလေတို (Plato) အပါအ၀င် အခြားသော တွေးခေါ် ပညာရှင်များက ကန့်ကွက် ခဲ့ကြ သည်။ ပလေတိုကိုယ်တိုင်ပင်လျှင် အိပ်မက်များသည် လူတစ်ဦး၏ ဘ၀တစ်လျှောက်လုံးအား အလွန်ပင် အထောက်အကူပြုသည်ဟု လက်ခံထားခဲ့သည်။ သို့အတွက်ကြောင့်ပင် သူ၏စာအုပ် (Pheado) တွင် ဂရိ ပညာရှင် ဆိုကရေးတီး (Socrates) သည် ဂီတပညာနှင့် အနုပညာရပ်များကို အိပ်မက်၏ ညွှန်ကြားချက်များ အရ သင်ယူခဲ့သည်ဟု ရေးသားဖော်ပြခဲ့သည်။ ဂရိအတွေး အခေါ်ပညာရှင် အယ်ရစ်စတိုတယ် (Aristoltle) က အိပ်မက်များအပေါ် ယူဆချက် မှာကား တစ်မျိုးဖြစ်သည်။ သူက ''အိပ်မက်'' များသည် လူတစ်ဦး၏ ကိုယ်ခန္ဓာ ကျန်းမာရေးမှ ရောင်ပြန်ဟတ်မှုပင်ဖြစ်သည်ဟု ယူဆခဲ့သည်။ သူက ဆရာဝန်များ သည်ပင် လူနာတစ်ဦး၏ အိပ်မက်များကို ကြားနာခြင်းဖြင့် လူနာများအား ရောဂါရှာဖွေ ခြင်း (diagnose)ပင်ပြုလုပ်နိုင်သည်ဟု ယုံကြည်ခဲ့သည်။



ခေတ်မီဆေးပညာအား စဦးတည်ထောင်သူ ဟစ်ပိုကရေးတီး (Hipporcrates) သည်ပင် ယင်းအချက်ကို လက်ခံခဲ့ပြီး ယနေ့ခေတ်ပညာရှင်အချို့သည်ပင် ယင်းယူဆချက်အား အလေးအနက်ထားဆဲဖြစ်သည်။ ဂါလန် (Galan) အမည်ရှိ ဆေးပညာရှင်တစ်ယောက်သည် ယင်းနည်းစနစ်အတိုင်း ဆေးကုသမှုပင်ပြုလုပ်ခဲ့သည်။ တစ်ခါက သူ၏လူနာတစ်ယောက်သည် ကျောက်တုံးတစ်တုံးအဖြစ် ပြောင်းလဲသွားသည်ဟု အိပ်မက်ခဲ့ ရာ နောက်ပိုင်းတွင် ယင်းပေါင်သည် လေငန်းရောဂါဖြင့်လှုပ်ရှားမရ ဖြစ်သွားခဲ့သည်ဟုဆိုသည်။ အခြား နပန်းသမားတစ်ယောက်၏ ''အိပ်မက်'' တွင် သူသည် သွေးအပြည့်ဖြစ်နေသော ရေကန်တစ်ခုအနားတွင် မတ်တပ်ရပ်လျှက်ရှိနေခဲ့သည်ဟု ဆိုသည်။ နောက်ပိုင်း တွင် ရေကန်ထဲရှိ သွေးမျက်နှာပြင် သည် မြင့်တက်လာ ခဲ့ပြီး ဦးခေါင်းထက်သို့ပင် ကျော်လွန် သွားသည်ဟု အိပ်မက်မက်ခဲ့သည်။ ယင်းအိပ်မက်အား သမားတော် ဂါလန်က ကိုယ်ခန္ဓာအတွင်း သွေးလိုသည်ထက်များသည်ဟု ယူဆခဲ့ပြီး သွေးအချို့ ဖောက်ထုတ် ပစ်ခဲ့ခြင်းနည်း စနစ်ဖြင့် ထိုသူတွင် ဖြစ်ပေါ်နေသော အဆုပ်အမြှေးရောင်ရောဂါကို ကုစားပျောက်ကင်းစေခဲ့သည်။

အိပ်မက်ခြင်းဆိုင်ရာ ခေတ်ပေါ်အယူအဆများ
အိပ်မက်များဆိုင်ရာ ခေတ်ပေါ်အယူအဆများ စတင်သူမှာ ဆစ်ခ်မန့်ထ် ဖရက်ထ် (Sigmund Freud) က စတင်ခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။ ဖရက်ထ်သည် စိတ်ရောဂါကုသရေးတွင် စိတ်အားစိစစ်နည်းဖြင့် ကုသသော ပညာရှင်တစ် ယောက်ဖြစ်သည်။ သူက ]အိပ်မက်} ဆိုသည်မှာ မသိစိတ်များတွင် အလိုလျောက် ခိုဝင်လာသော အလိုဆန္ဒများ၊ အတွေးအမြင်များစိတ်လှုပ်ရှားမှုများ၏ရောင်ပြန်ဟတ် မှုများပင်ဖြစ်သည်ဟု ဆိုခဲ့ သည်။ ၁၉၈၈ ခုနှစ်တွင် ထုတ်ဝေသော စာအုပ်တစ် အုပ်မှ သူ၏အိပ်မက်နှင့် ပတ် သက်သော အယူအဆများ တွင် သူက အိပ်မက်ကို ထင်ရှား သောအိပ်မက်များ (Manifest) နှင့် တိမ်မြုပ်နေသော အိပ်မက် များ (Latent) များ ဟု နှစ်မျိုး နှစ်စားခွဲခြားထားသည်။ သူက ထင်ရှားသော အိပ်မက်များ သည်။ အရေးတကြီး ကိစ္စများ မဟုတ်ပဲ အိပ်မက်များအပေါ် တွင် ဖုံးအုပ်ထားသော မျက်နှာ ဖုံးတစ်ခုသာဖြစ်သည်ဟုယူဆ သည်။ တိမ်မြုပ်နေသော အိပ် မက်များသည်သာ အဓိက အကြောင်း တရားတစ်ခု ဖြစ်ပြီး ယင်းအိပ်မက်များသည် သတိမမူမိလိုက်သော၊ (Unconscious) အလိုဆန္ဒများနှင့် စိတ်ကူးယဉ်မှုများဖြစ်သည်ဟု ဆိုသည်။

အိပ်မက်သည်အိပ်မက်သာဖြစ်သည်
အချို့သော အိပ်မက်အကြောင်း လေ့လာသူများကမူ ''အိပ်မက်'' သည် ''အိပ်မက်'' သာဖြစ်ပြီး မည်သို့သော ရည်ရွယ်ချက်များမှပါဝင်မှုမရှိဟု ယူဆကြသည်။ အချိုကကလည်း အိပ်မက် သည် လူတစ်ဦး၏ စိတ်ပိုင်း ဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာများ ကျန်းမာနေစေရန်အတွက် မရှိမဖြစ် လိုအပ် သည်ဟု ယူဆကြသည်။ အမေရိကန်နိုင်ငံ၊ ဘော့စတွန်မြို့ရှိ နယူတန်ဝဲလက်လီဆေးရုံ (Newton Wellesley Hospital) ရှိ ပုံသဏ္ဍာန် မမှန်သောအိပ်စက်မှုများ စူးစမ်းရေးစင်တာ (Sleep Disorder Center) မှ ဒါရိုက်တာဖြစ်သူ အန်နက်စ်ဟောဖ်မင်းန် (Ernest Hoffman) က ဖြစ်ကောင်း ဖြစ်နိုင်တဲ့အချက်တစ်ခုမှာ ''အိပ်မက်''များမှာ လူမှုဝန်းကျင်အတွင်းက ဖြစ်ပျက်သမျှသော စိတ်မချမ်းမြေ့မှုများ၊ စိတ်ဖိစီးမှုများ အား ပြေပျောက်စေ ရန် လူသား၏ မှတ်ဥာဏ် စနစ်များအတွင်းအချက်အလက်အသစ်များထည့်သွင်းကာ တည်ဆောက်ပေးခြင်း ဖြစ်နိုင်သည် ဟုဆိုခဲ့သည်။ တက်ကြွလှုပ်ရှား ပေါင်းစပ်ခြင်း ပုံသဏ္ဍာန် (The Activation synthesis model) ဟုခေါ်သော အိပ်မက်သီအိုရီတစ်ခုကို ၁၉၇၇ ခုနှစ် တွင် ဂျေအယ် လန်ဟောဘ်ဆွန် နှင့် ရောဘတ်မက်ကလာလီ (J.Allan Hobson and Robert McClarley) တို့ က ဖော်ထုတ်ခဲ့သည်။ သူတို့၏ သီအိုရီအရဦးနှောက် အတွင်းရှိ လျှပ်စီးပတ်လမ်းများသည် လူအများ ပုံမှန် အိပ်စက်ခြင်းပြုလုပ်သည်နှင့် နိုးကြား လာခဲ့သည်။ သို့အတွက်ကြောင့် မှတ်ဥာဏ်များ (memories) စိတ်လှုပ်ရှားမှုများ (emotion) တုန့်ပြန်မှုများ (sensation) လည်း နိုးကြား လာခဲ့သည်။ ထို့ပြင် ဆက်စပ်လျှက်ရှိသော ဦးနှောက်၏ ရှေ့ဖက်ပိုင်းတွင်ရှိသော အစိတ်အပိုင်းများဖြစ်သည့် (amygdala) အစိတ်အပိုင်းနှင့် (hippocampus) အစိတ်အပိုင်းများအပါအ၀င်စံနစ် (limbic) တို့လည်း နိုးကြားလာခဲ့သည်။ ထိုအခါ ဦးနှောက်သည် နိုးကြားလာသော ဦးနှောက်အတွင်းပိုင်း အချက်ပြများကိုရယူကာ အလိုလျောက် အဓိပ္ပါယ်များကို ဖော်ဆောင်စေခြင်းဖြင့် အိပ်မက်များ ဖြစ်ပေါ်လာ သည်ဟု ဆိုသည်။ တစ်နည်းဆိုသော် အိပ်မက်များသည် အိပ်ပျော်နေစဉ်အတွင်း ဦးနှောက်တွင်း သိုမှီး ထားသော အချက် အလက်များကို ရယူ၍ ဦးနှောက်မှဆက်စပ်ပုံဖော်ပေးသည့် အချက်ပြများ ပင် ဖြစ်သည် ဟုဆိုသည်။ အချို့သီအိုရီများတွင်ကား '' အိပ်ပျော်နေစဉ် အတွင်း ပြင်ပကမ္ဘာမှ လှုံ့ဆော်မှု များကို ကျွန်ုပ်တို့ဦးနှောက်မှ တုန့်ပြန်ရန် ကြိုးစားချက် များဖြစ်သည်'' ဟု ယူဆသည်။ သို့အတွက်ကြောင့်ပင် ဥပမာအားဖြင့် ပြင်ပမှ ရေဒီယိုတစ်လုံး ဖွင့်ထားသော အသံသည် အိပ်မက်ထဲတွင် ထည့်သွင်းမြင်မက်နိုင် သည်ဟုလည်း ဖော်ပြထားသည်။

ဦးနှောက်အတွင်းမှ ကွန်ပျူတာအစီအစဉ်
အခြားသီအိုရီတစ်ခုတွင် ''အိပ်မက်များသည် ဦးနှောက်မှ ကွန်ပျူတာ တစ်လုံးကဲ့သို့ လုပ်ဆောင်ခြင်းဖြစ်သည် ဟု ဆိုသည်။ ကွန်ပျူတာတွင် သိမ်းဆည်း ထားသော အချက်အလက်များမှ မလိုသည်များကို ရှင်းလင်းခြင်း လုပ်ဆောင်သကဲ့သို့ အိပ်မက်သည်လည်း နောက်တစ်နေ့အတွက် အသင့်ဖြစ်စေရန် ဦးနှောက်အတွင်းမှ မလိုအပ်သည်တို့ကို ရှင်းလင်းသည့်အတွက် ဖြစ်ပေါ်လာသော အချက်ပြများဖြစ်သည်} ဟု ဖော်ပြထား သည်။ နောက်သီအိုရီတစ်ခုတွင်ကား ''အိပ်မက်သည် စိတ်စိစစ် ကုသခြင်း (Psychotherapy) တစ်မျိုး ပင် ဖြစ်သည်ဟုဆိုသည်။ ယင်းသီအိုရီအရ အိပ်မက် မက်နေသူသည် မတူညီသော အတွေးအခေါ်များအကြား တည်ရှိနေသော ဆက်သွယ်ချက်များကို အလွန်လုံခြုံသော အခြေအနေအတွင်း ရှာဖွေတွေ့ရှိနိုင်သည်} ဟုဆိုသည်။ ဤကား အိပ်မက်များအပေါ် ယူဆချက် အမျိုးမျိုးတို့မှ ကောက်နှုတ်ချက် များဖြစ်သည်။

အက်ဂါကေစီနှင့်အိပ်မက်များ
ရှေးခေတ်တရုတ်လူမျိုးများတွင် အိပ်မက်နှင့် ပတ်သက်သော ယုံကြည်မှုမှာ အံ့သြဖွယ်ရာဖြစ်သည်။ သူတို့ အယူအဆတွင် အိပ်မက်များကို ဖန်တီးသူမှာ ကျွန်ုပ်တို့ ခန္ဓာကိုယ်တွင် တွယ်မှီနေသော နာမ်ဝိညာဉ် (ှစမငအျ သကူ) ပင်ဖြစ်သည်ဟုဆိုသည်။ အိပ်ပျော်နေစဉ်အတွင်း နာမ်ဝိညာဉ်သည် အိပ်ပျော်နေသူအတွက် အိပ်မက်များ ကို ဖန်ဆင်းခဲ့ပြီး နာမ်ဝိညာဉ်သည် ခန္ဓာကိုယ်အား စွန့်ခွာကာ အခြားဝိညာဉ် များနှင့် တွေ့ဆုံသည်ဟု ဆိုသည်။ ယင်းယူဆချက်နှင့် အနီးစပ်ဆုံးဖြစ်နေသော အမေရိကန် ပြည်ထောင်စုမှ ကမ္ဘာကျော် အကြားအမြင် ဆရာကြီးအက်ဂါကေစီ (Edgar Cayce) ၏ အိပ်မက်များအပေါ် ယူဆချက်များမှာ လည်း စိတ်ဝင်စားဖွယ်ရာ ပင်ဖြစ်သည်။

လူထူးဆန်းအက်ဂါကေစီ



အက်ဂါကေစီကို အမေရိကန်နိုင်ငံ၊ ကင်တပ်ကီပြည်နယ်၊ ဟော့ကင်း ဗီလီမြို့အနီးလယ်မြေတစ်ခုတွင် ၁၈၇၇ ခုနှစ်၊ မတ်လ (၁၈) ရက်နေ့တွင် မွေးဖွားခဲ့ကာ ၁၉၄၅ ခုနှစ်၊ ဇန်န၀ါရီလ (၃) ရက်နေ့တွင် ဗာဂျီးနီးယား ကမ်းခြေ၊ ဗာဂျီးနီးယားမြို့၊ အမေရိကန်ပြည်ထောင်စုတွင် ကွယ်လွန်ခဲ့သည်။ အက်ဂါကေစီသည် ကမ္ဘာပေါ်တွင် အကြော်ကြားဆုံးသော အကြားအမြင်ဆရာတစ်ယောက်ဖြစ်သည့်အပြင် အကြား အမြင် ဆရာများတွင် လူအများလက်ခံခဲ့ပြီး သူ၏ဟောပြောချက်များကိုလည်း စာရွက် စာတမ်းအပြည့်အစုံနှင့် တိကျစွာမှတ်တမ်း တင်ထားခြင်းခံရသော ဆရာတစ် ယောက်ဖြစ်သည်။ ယခုထက်တိုင်ပင် သူ၏မှန်ကန်လွန်း လှသော ဟောပြော ချက်များ ကို မည်သို့မည်ပုံရယူခဲ့ကြောင်း သိပ္ပံပညာရှင်များလေ့လာခြင်းခံနေရသူတစ်ဦး လည်း ဖြစ်သည်။ သူ၏ထူးခြားသောအရည်အသွေးများသည် ငယ်စဉ်ဘ၀ကပင် စတင်ခဲ့ လေ သည်။ ကေစီကျောင်း စတင်တက် စဉ် ကဖြစ်သည်။ သူ၏ ဖခင်က ကေစီအား အိမ်တွင် ကျောင်း သင်္ခန်းစာ များကို ပြန်လည် သင်ကြားပေးနေခဲ့သည်။ ကေစီသည် အလွန်ပင် ပင်ပမ်းနွမ်းနယ် ခဲ့သည့် အတွက်ကျောင်း သင်္ခန်းစာ စာအုပ်ပေါ်တွင် အနားယူလျက် အိပ်ပျော်သွားခဲ့သည်။ အိပ်ယာမှ နိုးလာ၍ ကျောင်းသင်္ခန်းစာ များ ပြန်လည် သင်ကြားပေးသော အခါတွင်မူ ကေစီသည် အားလုံး ပြည့်စုံတိကျစွာ စာလုံးပေါင်းနိုင်ယုံမျှမက မသင်ကြား ရသေးသော သင်ခန်းစာ များပါ အလိုလျောက် တတ်မြောက်သွားတော့သည်။ အနည်းငယ် အရွယ်ရောက် လာသော အခါတွင် ထိုစွမ်းရေအားကေစီသည် အသုံးချလျှက် အခွန်ခက်ခဲ ရှည်လျား လှသော နိုင်ငံရေးဆိုင်ရာ မိန့်ခွန်းစာအုပ်ကြီးအားလည်း ခေါင်းအုံးအိပ်စက်ခြင်းဖြင့် အခန်းလိုက် လုံးဝပြည့်စုံစွာ တတ်မြောက်သွား သည်ကို တွေ့ရသည်။ သို့သော် ကေစီသည် အခြေအနေ အရပ်ရပ်ကြောင့် (၇) တန်းမျှသာ ပညာ သင်ကြားနိုင်ခဲ့ သည်။ အရွယ် ရောက်လာခဲ့ပြီးနောက် အက်ဂါကေစီ၏စွမ်းရည်များသည် အရာဝတ္ထုတစ်ခု၊ အခြေအနေတစ်ခုအား အာရုံ(၅)ပါးနှင့်ထိတွေ့နိုင်သည်ထက်ကျော်လွန်ကာ သိရှိနိုင်စွမ်း ရှိလာခဲ့သည်။
သူ၏ စွမ်းရည်ထူးများကြောင့် ကမ္ဘာကျော်လာစေသည့် အဖြစ်အပျက် တစ်ခုမှာ ၁၉၀၂ ခုနှစ်၊ သြဂုတ်လ တွင် ဖြစ်ပျက်ခဲ့သည်။ အထက်ပါနေ့ရက်တွင် အမေရိကန်နိုင်ငံ (Hopkinsville) အရပ်တွင် နေထိုင်သော လူချမ်းသာမိသားစု ဖြစ်သောမစ္စတာနှင့် မစ္စစ်ဒိုင်ထရစ်ခ်ျ (Mr.Dietrich) အက်ဂါကေစီအား သူတို့၏ နေအိမ်သို့ ပင့်ဖိတ်ခဲ့သည်။ သူတို့၏သမီးငယ်ဖြစ်သူ အိုင်မီ (Aime) ငါးနှစ် သမီး အရွယ်ဖြစ်သော်လည်း အဖျားရောဂါခံစားနေရသည်မှာ (၃) နှစ် ရှိပြီဖြစ်သည်။ (၂) နှစ်သမီးအရွယ်တွင် တုတ်ကွေးရောဂါဖြစ်ပွားပြီး ထို့နောက်တွင် ရောဂါလုံးဝ ပျောက်သည်မရှိဘဲ (၃) နှစ်မျှ ဝေဒနာ ဆက်လက် ခံစားနေရသည်မှာ ကေစီအား ပင့်ဖိတ်သည့်အချိန်ထိဖြစ်သည်။ ထို့ပြင်စတင်ဖျားခဲ့သည်မှစ၍ ဦးနှော်ကဖွံ့ဖြိုးမှု ရပ်တန့်သွားကာ (၅) နှစ်သမီး အရွယ်တွင် ရှိရမည့် ဥာဏ်ရည်လည်း မရှိဘဲ ချို့တဲ့နေ ခဲ့သည်။ ချမ်းသာ သူများဖြစ် သည့်အလျှောက် အကျော် အမော် သမားတော်များကိုလည်း ခေါ်ယူဆေးကုသသော်လည်း ထူးခြားမှုမရှိသည့်အတွက် နောက်ဆုံးတွင် အက်ဂါကေစီ အား ပင့်ဖိတ်ပြီးအကူအညီ တောင်းခဲ့ခြင်းဖြစ်သည်။
ကေစီက သူသည် ဆေးပညာအားလုံးဝမသိသူဖြစ်ပြီး သာမာန်လူတစ် ယောက်သာဖြစ်သည့်အတွက် မကုသ တတ်ပါကြောင်း ပြောခဲ့သော်လည်း ကာယကံ ရှင်များမှ တိုက်တွန်းမှုကြောင့် ကေစီသည် မတတ်သာတော့ဘဲ ဟိတ်ကြီးဟန်မပါသော ဆေးဝါးကုသမှုကိုစတင်ခဲ့သည်။ သူသည် စီးလာသည့်ဖိနပ်နှင့်လည်စီးအားချွတ် လိုက်ပြီး ဧည့်ခန်းထဲရှိ ဆိုဖာတစ်လုံးပေါ်တွင် သူ့ကိုယ်သူ အိပ်ပျော်သွားအောင် လှုံ့ဆော်ခဲ့သည်။ အိပ်ပျော်ခြင်း အဆင့် သို့ရောက်သည်နှင့် သူ၏စိတ်များသည် ကလေးငယ်၏ ခန္ဓာကိုယ်တွင်းထိုးဖောက် ၀င်ရောက် ကာ ရောဂါရှာဖွေ လျက် တွေ့ရှိမှုများ အား အလွန်ပင် သြဇာရှိလှသောအသံဖြင့် စတင်ဟောပြောလေတော့ သည်။ ကေစီက ကလေး ငယ်သည် (၂) နှစ်သမီးအရွယ် အဖျားရောဂါ မကပ်ရောက်မီရက် အနည်း ငယ်ခန့် တွင် ပြေးလွှားဆော့ ကစားရင်းခြေချော်ကာလဲကျခဲ့သည်။ သို့အတွက် ကလေးငယ်သော ကျောရိုး (Spine) ၏ အဆုံးဘက်တွင် ထိခိုက်မိခဲ့သည်။ သူမ၏ ကျောရိုးအဆစ်များ (vertebrae) များ နေရာလွဲသွားသည် ဟုဆိုသည်။ ယင်းနေရာ လွှဲနေသော အဆစ်များအတွင်း တုတ်ကွေးရောဂါပိုးများ ၀င်ရောက်နေခြင်းဖြစ်သည်။ ကလေးငယ်အား အရိုး အကြောကိုင်တွယ်ပြုပြင်မှုဆိုင်ရာ (Oseteopathic adjustments) ကုထုံးများဖြင့် ကုသပျောက်ကင်းနိုင် သည် ဟု ပြောဆိုကာ အိပ်ယာ မှ နိုးထလာ ခဲ့သည်။ အိပ်ယာမှနိုးလာသောအခါတွင်လည်း မည်သည့်အကြောင်းအရာ အား ပြောဆိုခဲ့သည် ကိုလည်း မှတ်မိခြင်းမရှိခဲ့။ ထို့နောက်တွင် ကေစီဟောပြောခဲ့သော နည်းစနစ်များအတိုင်း ကလေးငယ်အားပြုစု ကုသပေးခဲ့ရာ အချိန်အနည်းငယ်အတွင်း အဖျားရောဂါပျောက်ကင်းပြီး ငါးနှစ်အရွယ်ကလေးငယ်တွင် ရှိသင့် ရှိထိုက်သော ဥာဏ်ရည်များ ပြန်လည်ရရှိလာခဲ့သည်။



ထိုသတင်းကို နယူရော့ခ်တိုင်း သတင်းစာခေါင်းကြီးပိုင်းတွင် (၉-၁၀-၁၉၁၀) ရက်နေ့တွင်ဖော်ပြခဲ့ရာမှ စတင် ကာ ကေစီသည် ကမ္ဘာကျော်ဖြစ် လာခဲ့ပြီး ကမ္ဘာအရပ်ရပ်မှ ဝေဒနာရှင်များ အားကိုးအားထား ပြုလာရုံမျှမက သမားတော်ကြီးများ အတွက် ခက်ခဲသော ဝေဒနာများ ကုသရာတွင်လည်း အားထားစရာဖြစ်လာခဲ့သည်။ ကုသသမျှလည်း ပျောက်ကင်းချမ်း သာဖြစ်ကြရသည်။ တဖြည်းဖြည်း နာမည်ကျော်ကြား လာသော ကေစီ သည် နောက်ပိုင်း တွင် လူအများအား ကူညီနိုင်ရန်အတွက် သုတေသနနှင့် ထွက်ရပ်ပေါက် အစည်းအရုံး (Research and Enlightenment) (ARE) ကို တည်ထောင်လျှက် လူအများကို အကူအညီပေးခဲ့ကာ ယင်း အစည်း အရုံးအောက်တွင် အက်ဂါကေစီ၏ ထူးခြားသော အမြင်များမှကုထုံးများကိုရယူကာ ဆရာဝန်အမြောက် အများ ပါဝင်ကုသလာခဲ့သည်။

အဂ္ဂါကေစီ၏အိပ်မက်များ
ထိုမျှနာမည်ကျော် ဆရာကြီးကေစီ၏ အိပ်မက်အယူအဆများသည် အထက် ဖော်ပြပါ အိပ်မက်အပေါ် အယူ အဆ မှာ မည်သည့်အယူအဆများနှင့်မှမတူပဲထူးခြားလှသည်။ ကေစီက အိပ်မက်များသည် အိပ်ပျော်နေသူ တွင် တည်ရှိနေသောစိတ်နှင့် စကြာဝဠာတ၀ှမ်းလုံး ပျံ့နှံ့တည်ရှိသော စိတ်များ ''ကော့စမစ်မိုင်းများ'' (Cosmic mind) နှင့် ပေါင်းစပ်နိုင်ရန် ဆက်သွယ်ပေးသောတံတား များ ဖြစ်သည် ဟုဆိုခဲ့သည်။ သို့အတွက်ကြောင့် အချို့သောအိပ်မက်တို့သည် အလွန်ကြီးမားလှသော ''ကာ့စမစ်မိုင်း'' များမှ မိမိဘ၀ နှင့် မိမိဘ၀တစ်လျှောက် လှုပ်ရှားရန် ရုန်းကန်မှုများအတွက် အထောက်အကူ ဖြစ်စေသော သတင်းပို့မှု (Message) အကယ်၍ မိမိမြင် မက်သော အိပ်မက်များအား သဘောပေါက် နား လည်၍ ယင်းအိပ်မက်ပါအချက် အလက်များအား အသုံးချနိုင် မည် ဆိုလျှင် မိမိနိုးထနေစဉ် ရှိနေသော စိတ်အလျှင်နှင့် (စိတ်နှင့်) ''ကာ့စမစ်မိုင်း'' များအကြားခြားနား လျှက် ရှိနေသော အတားအဆီးများ (နံရံများ) သည် ကျဉ်းမြောင်းသွားလိမ့်မည်ဖြစ်သည်ဟုဆိုသည်။ ထိုသို့ ကျဉ်းမြောင်း သွားစေခြင်းသည် မိမိတို့၏စိတ်များ (ဘ၀များ) သည် ''ကော့စမစ်မိုင်း''များမှ ကင်းလွတ်လျှက် အထီးကျန်ဖြစ်နေခြင်းကို လွန်မြောက်သွားစေလိမ့်မည်ဖြစ်သည်။ တစ်နည်းဆိုသော် အက်ဂါကေစီက မိမိတွင် တည်ရှိနေသော စိတ် များနှင့် စကြာဝဠာ အတွင်း ပျံ့နှံ့တည်ရှိနေသောစိတ်များအား အိပ်မက်များ အစွမ်းဖြင့် ပေါင်းစပ်စေကာ စိတ် စွမ်းအင် သတ္တိထူးများကိုရရှိစေမည်ဟု ဆိုလိုရင်းဖြစ်သည်။ ထို့ပြင် ကေစီက အိပ်မက်များ၏ အစွမ်း (The Power of Dreams) များ ကို ရရှိစေရန် ပြုလုပ်သင့် သည့်အချက်များကိုလည်း သူ၏ ဟောပြောချက်များ တွင် ထည့်သွင်းဟောပြော ခဲ့သည်။ ကေစီကအိပ်မက်များ အား အမြဲ အမှတ်ရစေရန် အားထုတ်သင့်သည်ဟုဆို သည်။ အိပ်ယာဘေးတွင် မှတ်တမ်းစာအုပ် တစ်အုပ်ထားရှိ၍ အိပ်မက်များကိုနေ့စဉ် မှတ်တမ်းတင်ရမည်ဆို သည်။ အိပ်ယာမှနိုးတိုင်း ဆိပ်ငြိမ်သောနေရာတစ်ခုတွင် ခေတ္တမျှထိုင်လျှက် အိပ်မက်များ ကို ပြန်လည်တွေးတော အမှတ် ရစေ ရမည်ဆိုသည်။ အိပ်မက်တွင်ပါဝင်နေသော အနေအထား၊ အရောင်၊ လူများနှင့် အရာအားလုံး အမြဲ အမှတ်ရနေစေရန် အားထုတ်ရမည်ဖြစ်သည်။ အိပ်မက်ဆိုးများတွင် ပါဝင်သော သက်ရှိ သက်မဲ့ အရာအားလုံးကိုလည်းမှတ်မိစေရန် မှတ်တမ်းတင်ထားရမည်ဖြစ်သည်။ အကယ်၍ ညလည်တွင် အိပ်မက်မှနိုးလာပါက မှတ်တမ်းစာအုပ်တွင် အရေးကြီးသော အိပ်မက်ကို ပြန်လည်ဖော်ဆောင်နိုင်သော သင်္ကေတ တစ်ခုကိုရေးချထားပါ။ သို့ အတွက်ကြောင့် နံနက်ခင်းတွင် ထိုသင်္ကေတကို ပြန်လည် ကြည့်ရှုခြင်းဖြင့် အိပ်မက် အား ပြန်လည် အမှတ်ရစေလိမ့်မည်ဟု ဆိုသည်။ ထို့ပြင်အိပ်မက်တစ်ခုမှ အဓိပ္ပါယ်ကို ဖော်ယူ၍ မရခဲ့ပါက နောက်တစ်ကြိမ် အိပ်ယာဝင်သည့်အခါ ယင်းအိပ်မက်ကို ပြန်မက် ရန် စိတ်ကိုစူးစိုက် ထား ပါ။ ပို၍ ရှင်းလင်းသော အိပ်မက်များကို ပြန်လည် ရရှိမည်ဟု ဆိုသည်။ ယင်းသို့ အိပ်မက်များကိုပြန်လည် မှတ်မိစေရန်ကြိုးပမ်းခြင်း၏နောက် တစ်ဆင့်မှာ အိပ်မက်များကို အပိုင်းဆက် ဇာတ်ကွက်များအဖြစ် ယူဆ ထားခြင်း ဖြစ်သည်။ အိပ်မက်တစ်ခုတွင် ပါဝင်သော ဇာတ်ကွက်တစ်ခုတွင် မိမိမနှစ်သက်သော ဇာတ်ကွက် များအား မိမိနှစ်သက်သောဇာတ်ကွက်များ ပါဝင်သော အိပ်မက်များဖြစ်အောင် ကြိုးစားကြရမည်ဖြစ် သည်။ နောက်ဆုံးတွင် မိမိကိုယ်တိုင် ဇာတ်ကောင်တစ်ခု အဖြစ် မိမိအိပ်မက်တွင် ပါဝင် လာခြင်းဖြင့် ]ကော့စမစ်မိုင်း}များနှင့် ပေါင်းစပ်စေကာ အိပ်မက်၏ စွမ်းရည်ထူးများကိုရရှိလာမည်ဖြစ် သည်ဟု ဆို သည်။
အိပ်မက်ဆိုင်ရာအယူအဆများအရ ဆောင်းပါးအစတွင် ဖော်ပြထားသော စာရေးသူမြင်မက်ခဲ့သော အိပ်မက် သည် မမြင်ရသော တန်ခိုးရှင်များမှ ကောင်းသတင်း၊ ဆိုးသတင်းများပေးပို့ခြင်းများလေလား၊ ကျွန်ုပ်သတိ မထားမိ လိုက်သော အဖြစ် အပျက်များ၏ တုန့်ပြန်မှုများလား၊ ဦးနှောက်အတွင်း တည်ရှိနေသော မှတ်ဥာဏ် များနှင့် ဦးနှောက်အတွင်းရှိ လျှပ်စီးပတ်လမ်းများက ထင်ပေါ်လာသောပုံရိပ်များပေလား၊ သို့မဟုတ် ဦးနှောက်မှ နောက်တစ်နေ့အတွက် အဆင်ပြေစေရန် မလိုသည်များကို ရှင်းလင်းပစ်သော နည်းစနစ်တစ်ခုပေ လား၊ သို့မဟုတ် ကျွန်ုပ်အိပ်ပျော်နေစဉ်အတွင်း ကျွန်ုပ်၏စိတ်သည် အိပ်မက်များမှတဆင့် ]ကော့စမစ်မိုင်း} များနှင့် ထိတွေ့တုန့်ပြန်မှု များလားဆိုသည်ကိုတော့ စာရေးသူမဆုံးဖြတ်နိုင်ပါ။ သို့သော် ဆုံးဖြတ်နိုင်သော အချက်တစ်ခုက ရှိပါသည်။ အိပ်မက်များကား ကွက်တိအဖြေရှာမရသေးသော လူသားများ၏ ထူးခြားသောဖြစ် စဉ် တစ်ခုပင်ဖြစ်ပါသည်။

မှီငြမ်းကိုးကားစာအုပ်များနှင့် ၀က်ဘ်ဆိုက်များ
- www.edgarcayce.org
- en.wikipedia.org/wiki/Edgar_Cayce
- en.wikipedia.org/wiki/Dream
- www.near-death.com/experiences/cayce
layout = standard / button_count [choose layout] show_faces = true / false [show picture] action = like / recommend [option : Like or Recommended button] colorscheme = light / dark [color] height: 60px [adjust height]

Monday, November 28, 2011

အတွေးအပိုင်းအစများနှင့် စကြ၀ဠာ



သင်တစ်ခါတစ်လေ ကိုယ့်အကြောင်းလေးတွေကို ကိုယ်ပြန်တွေးကြည့်မိပါသလား၊ သင်ဘယ်သူလဲ? သင့်နာ မည် ပြီး ကျွန်တော်က ဘယ်သူဘယ်ဝါလို့မပြောနဲ့လေ။ အဲဒါတွေက ပညတ်ချက်တွေပါ။ တကယ်တော့ သင့်ကိုမေးနေတဲ့ကျွန်တော်ကိုယ်တိုင်ဘဲ ကျွန်တော်ဘယ်သူလဲဆိုတာ မသိပါဘူး။ မတောက် တခေါက်တွေး တတ်တဲ့ဦးနှောက်တစ်ခုကို ပိုင်ဆိုင်ထားတယ်။ ဒါပေမဲ့ လောကကြီးနဲ့ပတ်သက်လို့ အကုန်လုံး သိအောင် မတွေးတတ်ပါဘူး။ တစ်ချို့တစ်စိတ်တဒေသသာမြင်ရတဲ့ မျက်လုံးတစ်စုံရှိပြန်တယ်။ အကုန်လုံးကို မမြင်နိုင် ပါဘူး။ အနံ့ခံတတ်တဲ့ နှာခေါင်းဆိုတာလည်း ရှိနေတယ်နော်။ ဒါပေမဲ့ ခွေးတစ်ကောင်လောက်တောင် အနံ့ခံ မကောင်းပါဘူး။ နားကတော့ရှိပါတယ်။ အသံအားလုံးကိုမကြားနိုင်ပြန်ဘူး။ ခံစားတတ်တဲ့ အထိ အတွေ့ကို သိနိုင် တယ်လို့ ထင်နေသလား။ သင့်နဖူးဆံစပ်မှာ အခြေချနေတဲ့ ဘက်တီးရီးယားပိုးတွေ ရှိနေတာ သင် ခံစား လို့ရ ရဲ့လား။ သင့်နှာခေါင်းနဲ့ပါးစပ် တစ်ဝိုက်က ဘက်တီးရီးယားတွေ ရှိနေတာတွေကိုလည်း သင် မသိပါဘူး။ အဲဒီတော့ ကျွန်တော်တို့သိနေတဲ့ မြင်နေတဲ့ ကြားနေတဲ့ အနံ့ရနေတဲ့ လောကကြီးက အပြည့်အစုံ မဟုတ် ပါဘူး။ အဲဒီလောကကြီးထဲက အစိတ်အပိုင်းလေးတစ်ခုကို ကျွန်တော်တို့ မြင်နေတယ်၊ ထိတွေ့နေတယ်၊ ကြားနေတယ်၊ နံနေတယ်။ မြင်သမျှ ကြားသမျှ နံသမျှ ထိတွေ့သမျှကိုလည်း ကျွန်တော်တို့ ကမ္ဘာကြီးလို့ ထင်နေတယ်။ မပြည့်စုံပါဘူးမိတ်ဆွေ၊ ကျွန်တော်တို့လောက ကျွန်တော်တို့သိတာထက် ပိုမိုကျယ်ဝန်း ပါတယ်။ ပိုမိုပြည့်စုံပါတယ်။ စကြ၀ဠာကြီးကရော ကျွန်တော်တို့သိနိုင်တာထက်ပိုမိုနက်ရှိုင်းပါတယ်။ ဒါကြောင့် နည်း နည်းလေး သိတာကိုဘဲ များများထင်နေကြတဲ့ ကျွန်တော်တို့တွေ ဘယ်သူတွေလဲ?။


ကျွန်တော်တို့ ဘယ်သူတွေလဲဆိုတာမသိသလို ကျွန်တော်တို့ရရှိထားတဲ့ ကိုယ်ခန္ဒာကြီးကိုလည်း ကျွန်တော် တို့ မထိန်းချုပ်နိုင်ပြန်ဘူး။ ပျော်ရွှင်ဖွယ်နေ့ရက်တွေနဲ့ ကျန်းမာသန်စွမ်းစွာနေမယ်လို့ အတွေးမဆုံး ခင်မှာဘဲ ကျွန်တော်တို့ မျှော်လင့်မထားတဲ့ အိုမင်းခြင်းတွေက ရောက်လာပြန်တယ်။ နောက်ကျွန်တော်တို့ မတောင်း ဆိုတဲ့ ဝေဒနာဆိုတာတွေခံစားပြီး ဘယ်ရောက်မှန်းမသိနိုင်၊ ဘယ်ကိုသွားမယ်မှန်းမသိနိုင်တဲ့ခရီးတစ် ခုကိုဘဲ မသွားချင်ဘဲ ထွက်သွားရပြန်တယ်။ တွေးကြည့်လေ အားလုံးဟာ သူ့သဘောသူဆောင်နေတာသိသာ လှတယ်။ ကိုယ်က ဘာမှ မထိန်းချုပ်နိုင်ဘူး။ တစ်စုံတစ်ခုရဲ့ ချမှတ်ထားတဲ့ လမ်းကြောင်းတစ်ခုကို လျှောက်နေ ရသလိုဘဲ။ အဲဒါကို ကံကြမ္မာလို့ ဆိုကြမလား။


နောက် ကို့ကိုယ်ကို ဘယ်လိုနားလည်ရမှန်းမသိတဲ့ ကျွန်တော်တို့ဘယ်လိုဖြစ်တည်လာကြတာလဲ။ ကျွန်တော် တို့ လူသားမျိုးနွယ် ဒီကမ္ဘာကြီး ပေါ်မှာ ဘယ်လိုစတင်ခဲ့ကြတာလဲ။ ကျွန်တော်တို့တတွေ ချားလ်စ်ဒါဝင်ရဲ့ Homo sapiens ဆိုတဲ့မျောက်မျိုးနွယ်စု တစ်ခုကနေ ဆင်းသက်လာတာရော ဟုတ်ပါသလား။ ဘာသာရေး မှာ ကျွန်တော်တို့လူသားတွေရဲ့အစကို အမျိုးမျိုး ပြောကြသလို သိပ၌ံပညာရပ်တွေက ထွက်ပေါ်လာတဲ့ သီအို ရီတွေ မှာလည်း ကျွန်တော်တို့ဘ၀တွေ ရဲ့ အစကို အမျိုးမျိုးပြောကြပြန်တယ်။ တိကျပြီး ကွက်တိ မှန်ကန် တဲ့သီအိုရီဆိုတာ မရှိပါဘူး။ ဒီလိုဖြစ်နိုင်တယ်၊ ဟိုလိုဖြစ်နိုင်တယ်ဆိုတာတွေပါ။


ဒါပေမဲ့ အဲဒီသီအိုရီတွေကလည်း လူသားအစကို ဖော်ပြထားတာတွေက စိတ်ဝင်စားစရာကောင်းပါတယ်။ ဘာသာရေးအယူအဆတွေက လူသားတွေအစကို အသွင်အမျိုးမျိုးနဲ့ဖော်ပြထားကြသလို စကြ၀ဠာ သမိုင်း ကို လေ့လာနေတဲ့ ပညာရှင်တွေကလည်း ဒီစကြ၀ဠာကြီးရဲ့အစကိုဖော်ပြထားကြပြန်တယ်။ သူကလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုရဲ့အယူအဆတစ်ခုပါဘဲ။ ဒါပေမဲ့ အဲဒါကလည်း စိတ်ဝင်စား စရာ ကောင်း လှပြန် တယ်။ အဲဒီစိတ်ဝင်စားစရာကောင်းတဲ့ အချက်ကလေးပေါ်မှာမူတည်ပြီး စာရေးသူ ဆောင်းပါးလေး တစ်ပုဒ်ရေးထား ပါတယ်။ ဖတ်ကြည့်ပါ။ ဝေဖန်ပါ။

ဖန်ဆင်းခြင်းအယူအဆများနှင့်ကျယ်ပြန့်နေသောစကြ၀ဠာ

















စာရေးသူသည်ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်သည်။ သို့သော် မိမိကိုယ်ကို ဝေဖန်ရမည်ဆိုလျှင် စာရေးသူ၏ဘာသာရေး အဆင့်အတန်းသည် မိရိုးဖလာဗုဒ္ဓဘာသာ ၀င်တစ်ယောက်ထက်နည်းနည်း သာမြင့်သော အခြေအနေတွင်ရှိသည်ဟုသုံးသပ်မိသည်။ ထို့ပြင်နက်ရှိုင်း လှသော တရားတော်များကို နက်နက်နဲ နဲလေ့ လာခြင်း၊ကျင့်ကြံအားထုတ်ခြင်း လည်းမရှိပါ။တစ်ချိန်တည်း မှာပင် စာရေးသူ၏၀ါသနာမှာ ကော်စမိုလော်ဂျီခေါ် စကြ၀ဠာတစ်ခုလုံးပေါ်ပေါက်လာပုံ၊ သဘော သဘာဝ စသည်တို့ကိုလေ့လာသောပညာရပ်သည်လည်းစာရေးသူ ၏ဖေးဘရိတ်ဖြစ်နေပြန်သည်။ ထိုအခါ စာရေးသူ သည် မိမိယုံကြည်ရာ လက်လှမ်းမီသရွေ့ဗုဒ္ဓစာပေတို့တွင် မဟာစကြ၀ဠာကြီး အဘယ်ကဲ့သို့ပေါ်ပေါက် လာခဲ့သည်ကို မိမိဘာသာတွင်ရေးသားထားခြင်းရှိမရှိ၊ အခါအခွင့် သင့်တိုင်း ရှာကြည့်မိသလို တတ်ကျွမ်း နားလည်သူ များနှင့်တွေ့ဆုံတိုင်းလည်း မေးဖြစ်ခဲ့သည်။ အဖြေတိတိ ကျကျမရခဲ့။ တစ်ခါသော်စာတစ်ပုဒ်အား စာရေးသူဖတ်မိခဲ့သည်။ ယင်းစာသည်ပင် ဗုဒ္ဓဘာသာတွင် မဟာစကြ ၀ဠာကြီးဖြစ်တည်ပုံကိုဖော်ပြသော စာဖြစ်ကောင်းဖြစ်နိုင်မည်ဟုထင်မိခဲ့သည်။ ယင်းစာအား တွေ့ရှိမိသည် မှာကြာပြီဖြစ်သည့်အတွက် စကား လုံး တိုင်းအားအရင်းအတိုင်း စာရေးသူ မမှတ်မိတော့ပါ။ သို့သော်မှတ်မိ သမျှ ဖော်ပြရမည်ဆိုလျှင် -တစ်ခါသော် မြတ်စွာဘုရားအားစကြ၀ဠာ၏အစအားလျှောက်ထားမေးမြန်း ခဲ့သည်ဆိုသည်။ (မည်သူကမေးသည် ကို စာရေးသူမမှတ်မိပါ။) ထိုအခါမြတ်စွာဘုရားက လူသားသည် အ၀ိဇ္ဇာ မည် သောမြားတစ်စင်းသည် ရင်ဝသို့စူးဝင်လျက်ရှိသည်။ ယင်းမြားအား မည်သူကပစ်လွှတ်သည်။ ယင်းမြားသည်အဘယ်အရပ်ကလာသည်စသည်ဖြင့်လ့လာနေခြင်းဖြင့်ရင်ဝတွင်စူးသောမြားဒဏ်ရာကြောင့် သေဆုံးသွားဖွယ်သာ ရှိပေလိမ့်မည်။ သို့အတွက် ရင်ဝတွင်စူးနေသောအ၀ိဇ္ဇာမြားတန်အား အရင်ဆုံးနှုတ်ခြင်းကသာ ပိုမိုအရေးကြီး သည်ဟု ဟောဖော်ညွှန်ပြဆုံးမတော်မူခဲ့သည်ဆိုသည်။ အလွန်ပင်လက်တွေ့ဆန်လှသော တရားတော် အဆုံးအမပင်ဖြစ်သည်။ သို့သော်စာရေးသူကား လူမိုက်တစ်ယောက် ပင်ဖြစ်သည်။ ရင်ဝတွင်စူးဝင်နေသော အ၀ိဇ္ဇာမြားအား အသာထားကာ မြားလာရာကို ရှာဖွေနေဆဲပင်ဖြစ်သည်။ သို့အတွက်စာရေးသူသည် အခြားဘာသာများတွင် စကြ၀ဠာကြီးမည်ကဲ့သို့စခဲ့သည်ကို ဖော်ပြချက်များရှိလေသလားဟု ရှာမိခဲ့ပြန် သည်။

ဟိန္ဒူဘာသာဝင်တို့၏ဖန်ဆင်းခြင်း
ထိုအခါစာရေးသူတို့နှင့်အနီးစပ်ဆုံးဖြစ်သော ဟိန္ဒူဘာသာနှင့်ပတ်သက်သော ဖန်ဆင်းခြင်းအယူ အဆ ကို တွေ့ရပြန်သည်။ တွေ့ရသည်မှာလည်းတစ်ခု တည်းသာမဟုတ်။ ဟိန္ဒူဘာသာအတွင်း ဖန်ဆင်းခြင်းနှင့်ပတ် သက်သော ဒဏ္ဍာရီဆန်ဆန်ဖော်ပြချက်များကားများပြားလှသည်။ ယင်းတို့အထဲတွင် သက်ဆိုင်ရာ နတ်ဘုရား များ၊ နတ်ဘုရားမတို့သည်လည်း များပြားလှသည်။ ယင်းတို့အထဲမှ တစ်ခုသော ဖန်ဆင်းခြင်းအယူ အဆကို ဖော်ပြရမည်ဆိုလျှင် - အချိန်ဟူသည့် ကာလယန္တရားကြီး မစတင်မီကဆိုလျှင် ကောင်းကင်ဘုံသည် လည်း မရှိ၊ ကမ္ဘာကြီးနှင့် အာကာသဟင်းလင်းပြင်ကြီးလည်း တည်ရှိမနေခဲ့ဟု ဆိုသည်။ တစ်ခုတည်းသော တည်ရှိနေသည့်အရာမှာ အတိုင်း အဆမရှိကြီးမားနေသော အမည်းရောင် ပင်လယ်ပြင်ကြီးသာရှိ သည်ဆိုသည်။ ယင်းပင်လယ်ပြင်ကြီးသည် အဆုံးအစမရှိသော ည ကမ္ဘာအောက် တွင်တည်ရှိလျက်ရှိသည်။ ယင်းသမုဒ္ဒရာထက် တွင်ကားအလွန်ကြီးမားလှသောမြွေဟောက်ကြီးတစ်ကောင်သည်မာပါလျက်ရှိသည်ဆိုသည်။ ယင်းမြွေဟောက်ကြီး ၏ အဆုံးမရှိထင်ရသော အခွေများထက်တွင် ပိဿနိုး (Vishnu) နတ်ဘုရားသည် ငြိမ်းချမ်းစွာအိပ်စက်လျက်ရှိသည်ဆိုသည်။ယင်းနတ်ဘုရားအားလည်းအလွန်ကြီးမားလှသောအခြားသောမြွေနဂါးကြီး တစ်ကောင်က စောင့်ရှောက်လျက်ရှိသည်ဆိုသည်။ ပတ်ဝန်းကျင် တစ်ခုလုံးမှာလည်း အလွန်ပင်တိတ်ဆိပ်ငြိမ် သက်လှသည့်အတွက် ပိဿနိုးနတ်ဘုရားသည် အနှောက်အယှက်မရှိ၊ အိမ်မက်များပင်မြင်မက်ခြင်းမရှိ ဘဲ အေးချမ်းစွာအိပ်ပျော်လျက်ရှိနေခဲ့သည်ဆိုသည်။


ဥုံ (သို့) စကြ၀ဠာ၏အစ
ထိုစဉ် သမုဒ္ဒရာကြီး၏ အလွန်နက်ရှိုင်းလှသောနေရာမှ ``ဥုံ´´ဟူသော ညည်းသံကြီးသည် ပေါ်ထွက်လာ ခဲ့သည်။ ယင်းအသံကြီးသည် တဖြည်းဖြည်းနှင့် ကျယ်လောင်လာကာ မည်သည့်အရာမျှမရှိသော ပလာနယ် အတွင်းပျံ့နှံ့လာခဲ့ကာ ဖန်ဆင်းခြင်းစွမ်းအင်များပေါ်ပေါက်လာခဲ့သည်ဆိုသည်။ထိုအသံများကြောင့်ပိဿနိုး နတ်မင်းကြီးမှာ နိုးထလာခဲ့ပြီဖြစ်သည်။ ည ကာလကား ပြီးဆုံးခဲ့ပြီ။ ထိုအချိန်မှာပင် ပိဿနိုး နတ်ဘုရား၏ ချက်တော်မှ အလွန်ကြီးမားလှသော ကြာပန်း ကြီး ဖူးပွင့်လာခဲ့ တော့သည်။ ကြာပန်းပွင့်ကြီး၏ဗဟိုတွင် ဘရားမ (Brahma) ပိဿနိုး နတ်ဘုရား၏ တမန်တော် သည်ထိုင်လျှက် ပိဿနိုးနတ်မင်း၏အမိန့်ကို နာခံလျက် ရှိနခဲ့ပြီဖြစ်သည်။ပိဿနိုးနတ်မင်းကြီးမှ ''အချိန်ရောက်ပြီ၊ ကမ္ဘာကြီးအားဖန်ဆင်းလော့´´ ဟု အမိန့်ပေးလိုက် သည်။ လေပြင်း တစ်ချက်သည် အမည်းရောင်ပင် လယ်ပြင်ပေါ် တွင်ဝှေ့ရမ်းတိုက်ခတ်သွားသည်။ ပိဿနိုး နတ်မင်းကြီးနှင့်ေ>မနဂါးကြီး ပျောက်ကွယ်သွားခဲ့တော့သည်။ ဘရားမသည် ဖန်ဆင်းခြင်း အလုပ်ကို ဆက်လက် လုပ်ကိုင်ခဲ့လေသည်။ သူသည် ကြာပန်း ပွင့်ကြီးအား ရေပေါ်တွင်ခဏတာမျှ လှုပ်ခတ် နေခဲ့သည်။ ထို့နောက်တွင်ကား သူ၏ လက်မောင်းတော်အား ဆန့်တန်းကာပင် လယ်ပြင် ကြီးအားငြိမ်သက်စေခဲ့သည်။

မိုးနှင့်မြေ၏အစ

ထို့နောက်ကြာပန်းပွင့်ကြီးအား အပိုင်းသုံးပိုင်းပိုင်းလိုက်ခါ အပိုင်းတစ်ခုအား ကောင်းကင်ဘုံ (heavens) အဖြစ် ဖန်ဆင်းလိုက်ပြီးအခြားတစ်ခုအားမကမ္ဘာအဖြစ် ဖန်ဆင်းလိုက်တော့သည်။ နောက်ဆုံးတစ်ခု ကိုကား မိုးကောင်းကင်ကြီးအဖြစ်ဖန်ဆင်းလိုက်လေသည်။ထို့ပြင်မည်သည့်အရာမျှတည်ရှိမနေသေးသော ကမ္ဘာမြေကြီး တွင် မြက်ခင်းများ၊ ပန်းများ၊ သစ်ပင်များ နှင့် အပင်အမျိုးမျိုးကိုဖြစ်ပေါ်စေခဲ့သည်။ ထို့ပြင် ကမ္ဘာမြေပေါ် တွင်နေထိုင်ရန် တိရိစ္ဆာန်များ၊ အင်ဆက်ပိုးမွှားများအပြင် ကောင်းကင်ပေါ်တွင်ပျံသန်းရန်ငှက်များကိုလည်း ဖန်ဆင်းခဲ့သည်။ ထို့ပြင် ပင်လယ်တွင်းတွင်ငါးများကိုရှင်သန်စေပြီး သတ္တ၀ါတို့ အားအမြင်၊ အကြားစွမ်းရည်များ အပြင် ရွေ့လျားသွားလာနိုင်ခြင်းနှင့် ခံစားနိုင်စွမ်း တို့ကိုလည်းပေးထားခဲ့သည်။ ထို့နောက်တွင်ကား ကမ္ဘာကြီးရှင်သန် လှုပ်ရှားလာခဲ့ပြီဖြစ်သည်။ ဤကား ဟိန္ဒူဘာသာဝင်တို့၏ စကြ၀ဠာအစဖန်ဆင်းခြင်း အယူအဆတစ်ခုပင်ဖြစ်သည်။

ဂရိတို့၏စကြ၀ဠာ၏အစ
ထိုကဲ့သို့ပင်ဂရိလူမျိုးတို့၏ဖန်ဆင်းခြင်းအယူအဆသည်လည်းစိတ်ဝင်စားဖွယ်ရာဖြစ်သည်။ဂရိတို့၏ဖန်ဆင်းခြင်းအယူအဆကိုတင်ပြရမည်ဆိုလျှင် - အစပထမတွင် ပိန်းပိတ်မှောင်နေသော ဟင်းလင်းပြင်ကြီးကြီးတွင် တစ်ခုတည်းသော သက်ရှိသာ ရှိပြီးအခြားမည်သည့် အရာမျှမရှိ။ ယင်းတစ်ခုတည်းသော သက်ရှိမှာလည်း အနက်ရောင် အတာင်ပံများရှိသော အလွန်ကြီးမား သည့် နစ်စ် (Nyx) ခေါ် ငှက်ကြီးတစ် ကောင်သာဖြစ်သည်။ တစ်နေ့တွင် ထိုငှက်ကြီးသည် အလွန်ကြီးမား သောရွှေဥကြီးတစ်လုံးအား အုခဲ့ သည်ဆိုသည်။ ထို့နောက် ထိုဥအား နှစ်ပေါင်းမြောက်မြားစွာ ]၀ပ်]နေခဲ့ သည်ဆိုသည်။ နောက်ဆုံးတွင် ယင်း ဥကြီးသည်လှုပ်ရှားလာခဲ့ပြီး အီးရိုးစ် (Eros) အမည်ရှိ အချစ်နတ်ဘုရားအား မွေးဖွားလာခဲ့သည်။ ထို့ပြင် ကွဲသွားခဲ့သော ဥ၏အပေါ်ဘက်ခြမ်း သည် လေထဲ သို့မြောက်တက်သွားခဲ့ကာ ကောင်းကင်ပြင်ကြီးဖြစ်လာခဲ့သည်ဆိုသည်။ အောက်ဘက်အခြမ်းမှာမူ မြေကမ္ဘာဖြစ်လာခဲ့သည်။ အချစ်နတ်ဘုရား အီးရိုးစ်သည် ကောင်းကင်ပြင်ကြီးအား ယူရေးနပ်စ် (Uranus) ဟု လည်းကောင်း၊ ကမ္ဘာမြေအားဂိုင်းအ(Gaia)အမည်ပေးခဲ့သည်ဆိုသည်။ထို့ နောက်တွင် ကမ္ဘာမြေ (ဂိုင်းအ)နှင့် ကောင်းကင်ပြင် (ယူရေးနပ်စ်) အား တစ်ဦးနှင့်တစ်ဦး ချစ်မေတ္တာ သက်ဝင်စေရန် အီးရိုးစ်မှ စွမ်းဆောင်နိုင်ခဲ့ သည်။ ဂိုင်းအနှင့် ယူရေးနပ်စ် တို့သည် သားသမီးအမြောက် အမြားအပြင်မြေးများအထိပင် ထွန်း ကားခဲ့သည်။

အာခံတွင်းမှ ကျောက်ခဲတစ်လုံး
အတိုင်းအဆမရှိ သော ကောင်းကင်ပြင်နှင့် ခိုင်မာမှုရှိလှသော မြေကမ္ဘာတို့မှ ပေါက်ဖွား လာခဲ့ သောမျိုးဆက် တို့သည် စွမ်းပကားများ အလွန်ပင်ကြီးမား လှသည်။ သို့အတွက် မိဘများ သည် သူတို့၏ သားသမီးတို့၏ တန်ခိုးအာဏာများ ကိုစိုးရွံ့လာခဲ့ ကြသည်။ ယင်းမျိုးဆက်တို့ထဲ တွင်ခရိုးနပ်စ် (Kronus) ဟူသော နတ်ဘုရားသည် သူ၏ သားသမီး များ၏ တန်ခိုးပါဝါဖြင့်သူ့အား တော်လှန်ပုံကန်မည်ကိုစိုးရိမ်သည့် အတွက် သူ့ကလေးများကလေး ဘ၀မှစ၍ပင် သူ၏အာခံတွင်း၌ ငုံ ထားခဲ့သည်။ သို့သော် ထိုအချိန် ၌ သူ၏ဇနီးဖြစ်သူ ရီးအ (Rhea) သည်သူသားအငယ်ဆုံးကလေးအား အာခံတွင်း တွင် ငုံထားခြင်းမှလွတ်မြောက်စေရန် တစ်နေရာတွင် ၀ှက်ကွယ်ထားခဲ့သည်။ ထို့နောက် သူ့သား အငယ်ဆုံးကလေး အစား ကျောက်တုံးတစ်တုံး အားခြုံစောင်ဖြင့်ထုတ်ကာ ကလေးအဖြစ်ပေးခဲ့သည်။ ယင်းအထုတ်အားပင် ဖခင်ဖြစ်သူမှသူ့သား အငယ် အမှတ်ဖြင့်ငုံထားခဲ့သည်။ ၀ှက်ကွယ်ထားခဲ့သော ကလေးငယ်သည် အရွယ်ရောက် လာခဲ့သည်။ ထိုသားငယ် ကလေး၏အမည်မှာ (ဇု) (Zeus) ဖြစ်သည်။ ]ဇု အရွယ်ရောက်လာခဲ့သော် မိခင်ဖြစ်သူမှ သူ၏ဖခင်မှ သူ၏ညီအစ်ကို မောင်နှစ်မများကို အာခံတွင်းတွင်ငုံကာထားရှိကြောင်းပြောပြခဲ့သည်။ ထို့အပြင် မိခင်မှ သူ၏ညီအစ်ကို မောင်နှမများအား ကယ်ထုတ်ရမည့် နည်းလမ်းအားလည်းညွှန်ပြခဲ့သည်။ ]ဇုသည် သူ၏ညီအစ်ကို မောင်နှစ်မများအား မိခင်ညွှန်ပြသည့် နည်းလမ်းအတိုင်း ကယ်ထုတ် နိုင်ခဲ့သည်။ ယင်းနောက် တွင်ကား တန်ခိုးပါဝါ ကြီးမားလှသောသား သမီးများနှင့်ဖခင် အကြား တိုက်ပွဲပေါင်း မြောက်မြား စွာ ဖြစ်ပေါ်လာကာ နောက်ဆုံးတွင် ဇုသည် အောင်နိုင်ခဲ့ပြီးနတ် ဘုရား တို့၏ခေါင်း ဆောင်ဖြစ်လာခဲ့သည်။ ထို့နောက် ဇု သည် မြေပြင်ဂိုင်အတွင် သက်ရှိ များနှင့် အပင်များကိုဖြစ် ပေါ်စေပြီး ကောင်းကင် ယူရေးနပ်စ်အားကြယ် များ အဖြစ်ပြောင်းလဲပစ်လိုက်သည်။

လူသားအစနှင့် လက်ဆောင်ပစ္စည်း
ထိုအချိန်တွင် ကမ္ဘာမြေသည်အပင်များဖြင့် ပြည့်နက်လျက်ရှိနေပြီဖြစ်သည်။ သို့သော် လူနှင့်တိရစ္ဆာန်များအား ဖန်ဆင်းရန်ကျန်ရှိနေသေးသည်။ ထိုအခါတွင် ]ဇု}နတ်မင်းကြီး သည် သားတော်နှစ်ပါးဖြစ်သော ပရိုမီးသီးယပ်စ် (Prometheus) နှင့် အီပီမီးသီးယပ်စ် (Epimetheus) တို့အားခေါ်ယူကာ ကမ္ဘာမြေပေါ်တွင် တိရစ္ဆာန် များနှင့်လူသားများအား ဖန်ဆင်း၍ ဖန်ဆင်းပြီးသမျှတိရစ္ဆာန်နှင့်လူတို့အား လက်ဆောင်တစ်ခုစီပေးရန် တာဝန်ပေးအပ်ခဲ့သည်။ ပရိုမီးသီးယပ်စ်သည် လူသားများ အားနတ်ဘုရားနှင်ပုံစံတူဖန်ဆင်းခဲ့ပြီး အီပီမီးသီးယပ်စ် သည် တိရစ္ဆာန်များအား ဖန်ဆင်းရန်တာဝန်ယူခဲ့သည်။ အီပီပီးသီးယပ်စ်သည် တိရစ္ဆာန် တစ်မျိုးချင်းစီအား ဖန်ဆင်းပြီး လက်ဆောင်တစ်ခုစီ အားလည်းပေးကမ်းခဲ့သည်။ သို့အတွက် ]ဇု} နတ်မင်းကြီးမှပေးလိုက်သောလက်ဆောင်များအားလုံးကုန်သွားခဲ့သည်ဆိုသည်။ သို့အတွက် ပရိုမီးသီးယပ်စ်လူသားများဖန်တီးပြီးချိန်တွင် လက်ဆောင်ပေးစရာ မကျန်ရစ်တော့ပေ။ သို့အတွက် ပရိုမီးသီးယပ်စ်သည် နတ်ဘုရားများသာ အသုံးပြုခွင့် ရှိသော မီးအားလူသားတို့ အား လက်ဆောင် အဖြစ် ပေးအပ်ရန်ဆုံးဖြတ်ခဲ့သည်။ သို့အတွက်လူသားအား မီးကိုအသုံးပြုနည်းအဖုံဖုံ အားသင်ကြားပေးခဲ့ သည်။
မီးနှင့်လူသား



နောက်တစ်နေ့ နေနတ်ဘုရားထွက်ပေါ်လာသောအခါ ပရိုမီးသီးယပ်စ်သည် လူသားတို့အားမီးကိုပေး အပ်နေသည် ကိုတွေ့မြင်သွားခဲ့သည်။ နေနတ်ဘုရားမှတဆင့် ဇုနတ်မင်းကြီးသိရှိသွားသောအခါ ပရိုမီးသီးယပ်စ်အား အလွန် အမြက်ထွက်တော်မူခဲ့ရာ အလွန်ပင်ရက်စက်လှသော အ ပြစ်ဒဏ်အား စီရင်တော်မူခဲ့ သည်။ ယင်းမှာ ပရိုမီးသီးယပ်စ် အားတောင်တစ်လုံးတွင်ကပ်ကာ ချုပ်နှောင်ထားစေပြီး ယင်း၏ အသည်းနှလုံးအား အလွန်ကြီး မား လှသောငှက်ကြီးမှ နေ့စဉ် ကမ္ဘာတည်သရွေ့ ထိုးဆိပ်စေ ခြင်းဖြစ် သည်။ နေ့စဉ်ယင်း အပြစ်ဒဏ်ကို ခံစားပြီးမှသာ လျှင်ပုံမှန် အတိုင်းနေခွင့် ပြုခဲ့ သည်။ ထို့အပြင် မိမိနှင့်မထိုက် တန်သောမီးကို အသုံးပြုသူ လူ သားများအတွက်လည်း အပြစ် ဒဏ်စီရင်ခဲ့သည်။ အပြစ်ဒဏ် အဖြစ်ဇုနတ်မင်း၏ အခြားသော သားတစ်ယောက်မှ အလွန်လှပသော ပန်ဒိုရာ (Pandora) အမည်ရှိ လူသားမိန်းမ ကို ဖန်ဆင်း သည်။ ယင်းမိန်းမသည် အလွန်ပင်လှပလှသည့်အတွက် နတ်ဘုရား အားလုံးမှ လက်ဆောင် ပစ္စည်းများ ပေးအပ်ခဲ့သည်။ ယင်းတို့အထဲတွင် ဇုနတ်မင်းမှ အလွန်လှပသော သေတ္တာငယ် ကလေး တစ်လုံးအား လက်ဆောင်အဖြစ်ပေး အပ် တော်မူခဲ့သည်။ ထို့အပြင် ယင်းသေတ္တာငယ်အားမည်သည့်အခါမှ ဖွင့်မကြည့် ရန်ကတိကိုလည်း တောင်းခဲ့သည်။ ထို့နောက်တွင် ပန်ဒိုရာမင်းသမီးအား အီပီပီးသီး ယပ်စ်နှင့် လက်ဆက်စေခဲ့သည်။

မေ့ဖျောက်မရသည့်ဆန္ဒ



ပင်ဒိုရာမင်းသမီးသည် အီပီပီးသီးယပ်စ်နှင့်အတူ နေထိုင်စဉ်ကာလသည် အလွန်ပင်ပျော်ရွှင်စရာဖြစ်ခဲ့သည်။ သို့သော် သူမတွင်အမြဲစိတ်ဒုက္ခရောက်နေရခြင်းမှာ ဖွင့်မကြည့်ရန်ကတိပြုထား သည့် သေတ္တာငယ်အား ဖွင့်ကြည့်ရန်အလွန် အမင်း ဆန္ဒရှိ နေခြင်းဖြစ်သည်။ နောက်ဆုံးတွင်သည်းခံရန်မတတ်နိုင်တော့သည့်အတွက် အီပီပီးသီး ယပ်စ်မရှိစဉ်တွင် ယင်းသေတ္တာငယ်အားဖွင့်ကြည့်လိုက်တော့သည်။ ဖွင့်လိုက်သည် နှင့် တစ်ပြိုင် နက် သေတ္တာအတွင်း နတ်မင်းကြီးဇုကလူသားများအား အပြစ်ပေးရန် သိုလှောင်ထားရှိသော နာကြင်မှု၊ ဖျားနာခြင်း၊ လောဘ၊ ဒေါသ၊ မာန်မာန စသည်ဖြင့် လူသားတို့အားအကျိုးမပြုသောအကြောင်းအရာတို့သည် ထွက်ပေါ်လာခဲ့ပြီး လူသားတို့ကိုယ်ခန္ဓာတွင်း ၀င်ရောက်ပူးကပ်သွားတော့သည်။ ထိုအခြင်းအရာကြောင့် ပန်ဒိုရာမင်းသမီးသည် ထိတ်လန့်တကြားအော်ဟစ်သည့် အတွက် အီပီပီးသီးယပ်စ် မှလာရောက်ခါ အဖုံးအား အလျှင်အမြန်ပိတ်ခဲ့သော်လည်း နောက်ကျသွားခဲ့သည်။ ညဘက်တွင် ပိတ်ထားသောသေတ္တာမှ အသံ တစ်သံကြား လာခဲ့ရသည်။ ဖွင့်ပေးပါ ၊အပြင်သို့ ထွက်ပါရစေ၊ စသည်ဖြင့်တောင်းဆိုလွန်းသောကြောင့် ဖွင့်ပေးလိုက်ရာ ယင်းမှာနောက်ဆုံး ကျန်ရစ်နေသော မျှော်လင့်ခြင်း ဖြစ်သည်။ သို့အတွက် လူသားတို့အားဖန်ဆင်းသည့်သူသည် ပရိုမီးသီးယပ်စ်ဖြစ်ပြီး လူသားတို့တွင်လောဘ၊ ဒေါသ၊ မာန်မာန၊ ရောဂါဘယ တို့သည်ဖြစ်ပေါ်နေပြီး မျှော်လင့်ခြင်းတစ်ခုနှင့်သာ အသက်ရှင်နေထိုင် ရခြင်းဖြစ် သည်ဆိုသည်။ ဤသည် လည်း ဂရိဒဏ္ဍာရီတို့မှ စကြ၀ဠာ၊ ကမ္ဘာကြီးနှင့်လူသားတို့ စတင်ဖြစ်ပေါ်လာခြင်း ကိုဖော်ပြထား သည်ဒဏ္ဍာရီတစ်ပုဒ် ဖြစ်သည်။

ခေတ်ပေါ်စကြ၀ဠာအစ ယူဆချက်များ
ခေတ်ပေါ် ကော်စမိုလော်ဂျီပညာရပ်တွင်လည်း စကြ၀ဠာကြီးစတင်ဖြစ် ပေါ်လာပုံ သီအိုရီတစ်ရပ်မှာလည်း ထင်ထင်ရှားရှားပင်တည်ရှိနေသည်။ ယင်းသီအိုရီ သည်ကား ဘစ်ဂ်ဘန်း (Big Bang) ခေါ် ပြန့်ကားနေသော စကြ၀ဠာ သီအိုရီပင်ဖြစ် သည်။ ယင်းသီအိုရီသည် အက်ဒွင် ပိုးဝယ်ဟတ်ဘယ်လ် (Edwin Powell Hubble) ၏လေ့လာမှုများမှ ဖြစ် ပေါ်လာခြင်း ဖြစ်သည်။ ဟတ်ဘယ် ၏လေ့လာမှုများမှ ယခုမြင်တွေ့ နေရသော


ကြယ်များ၊ ကြယ်စုကြီး များသည် တစ်ခုနှင့် တစ်ခုခွဲဖြာကာ ဝေးရာဘက်ဆီများသို့ အလွန် ကြီးမား သော အလျှင်များဖြင့် ပြန့်ကားရွေ့လျား နေကြသည်ဆိုသည်။ ယင်းအချက် မှမူတည်လျက် ပြန့်ကားနေသော စကြ၀ဠာ သီအိုရီပေါ် ပေါက်လာခြင်း ဖြစ်သည်။ ယင်းသီအိုရီအရ စကြ ၀ဠာကြီးသည် လွန်ခဲ့သည့် (၁၅) ဘီလီယံမှ အစပြုခဲ့သည်ဆိုသည်။ စကြ၀ဠာကြီး၏မူလအစတွင် အချိန်နှင့် အာကာသ ဟင်းလင်းပြင်တို့သည် လည်း တည်ရှိမနေပေ။ ထိုစဉ်တွင် အလွန့်အလွန်သေးငယ် (အက်တမ်တစ်လုံးထက် အဆပေါင်းမြောက်မြား စွာသေးငယ်သည်) ပြီးဒြပ်ထုအားဖြင့် အနန္တရှိကာ အနန္တစကြ၀ဠာအတွင်းရှိအရာ အားလုံးပါဝင်သည့် မီးလုံးငယ် (Fire Ball) တစ်ခုသည် ပြင်းထန်စွာပေါက်ကွဲခဲ့သည်ဆိုသည်။ ယင်းသီအိုရီအရ စကြ၀ဠာသည် မည်သည့် အတွက်ဖြစ်ပေါ်လာသည်ကို လည်းကောင်း၊ စကြ၀ဠာမဖြစ်ပေါ်ခင်က မည်သို့ တည်ရှိနေခဲ့သည်ကို လည်းကောင်း၊ ရှင်းပြနိုင်ခြင်းမရှိပါ။ သို့သော် စကြ၀ဠာကြီး မည်သို့စတင်ဖြစ်ပေါ်လာသည်ကို အတိုင်းအတာ တစ်ခု ရှင်းပြနိုင်ခြင်းရှိပါသည်။ ယင်းပေါက်ကွဲမှုမှ လွင့်စင်ထွက်လာသော ရုပ်ဝတ္ထုပစ္စည်း မှန်သမျှသည် ဦးတည်ရာ ဘက် အားလုံးသို့ လွင့်စင်ပြန့်ကားနေသည်မှာ ယနေ့တိုင်ပင်ဖြစ်သည်။ တနည်းဆိုသော် ယခု လွင့်စင်ပြန့်ကားနေသောစကြ၀ဠာ အတွင်းရှိ ရုပ်ဝတ္ထုမှန် သမျှသည် မူလရွှေ့လျား ရာလမ်းကြောင်း သို့ နောက်ပြန်လှည့်လာ မည်ဆိုပါက အမှတ်စက်တစ်ခု၌ပြန်လည် စုဆုံကြမည်ဟုဆိုသည်။ မူလအစတွင်
မီးဘောလုံးအဆင့်တွင်တည်ရှိနေချိန်၌ စကြ၀ဠာဟူ၍ မတည်ရှိ သေးသည့်နည်းတူ အချိန် (Time)နှင့် ဟင်းလင်းပြင် (Space) တို့သည်လည်း တည်ရှိနေခြင်း မရှိသေးပေ။ (တစ်စက္ကန့်၏ (၁) နောက်တွင်သုည (၃၄) လုံး ပုံ တစ်ပုံ)အချိန်အတွင်းမှစ၍ စကြ၀ဠာကြီး စတင် ဖြစ်ပေါ်လာခဲ့သည်ဆိုသည်။ ထိုအခါမှစ၍အချိန်နှင့် ဟင်းလင်းပြင်တို့သည်လည်း စတင်ပေါ်ပေါက်လာခဲ့သည်။ ထိုအချိန်၌ စကြ၀ဠာ၏ အပူချိန်မှာလည်း ၁၀၃၂ ဒီဂရီ ဆဲလ်စီးယတ် အထိ ပူပြင်းနေသည်။ ထိုမှ (၁၀) ဘီလီယံ ဆဲလ်စီးယတ်သို့ အေးလာသည်။ ထိုအခါ တွင် လေးလံသောဒြပ်များစတင်ဖြစ်ပေါ်လာသည်။ ပေါက်ကွဲမှုဖြစ်ပြီး နောက်အနှစ် (၃၀၀ယ၀၀၀)ခန့် အကြာတွင်ကား စကြ၀ဠာ၏အပူချိန်သည် (၃၀၀၀) ဒီဂရီ ဆဲလ်စီးယတ် ခန့်အထိကျဆင်းလာသည်။ပေါက် ကွဲမှုဖြစ်ပြီး (၁) ဘီလီယံနှစ် အကြာတွင် စကြ၀ဠာ၏ အပူချိန်သည် (-၂၀၀) ဆဲလ်စီးယတ်ခန့်အထိ ကျဆင်း သွားခဲ့ပြီး ပထမဦးဆုံးသောကြယ်များနှင့် ကြယ်စု (Galaxy) များစတင်ဖြစ်ပေါ်လာသည်။ ထို့နောက် ဆက်လက် အပူချိန်ကျဆင်းကာ နောက်ဆုံးဂြိုဟ်များဖြစ်ပေါ်လာခဲ့သည်ဆိုသည်။ ဤကား ခေတ်ပေါ်သိပ္ပံပညာ၏ လေ့လာဆန်းစစ်မှုများမှထွက်ပေါ်လာခဲ့သော အယူအဆဖြစ်သည်။ ယင်းသီအိုရီနှင့်ပတ်သက်၍ ကမ္ဘာကျော်သိပ္ပံပညာရှင် အမေရိကန်နိုင်ငံသား စတီဖင်ဟော့ကင်း၏ အမြင်သည် လည်း စိတ်ဝင်စားဖွယ်ရာဖြစ်သည်။

သိပ္ပံပညာရှင် စတီဖင်ဟော့ကင်းအမြင်
ကျွန်တော့်အမြင်အရတော့ စကြ၀ဠာကြီးဟာ အလွန်ပူပြင်းတဲ့ ပေါက်ကွဲမှုကြီးကစလာ တာဆိုတာ ကတော့ သေချာပါတယ်။ ဒီစကြ၀ဠာကြီးဟာအမြဲ တမ်းပြန့်ကားနေမှာလား၊ ဒါမှမဟုတ် ဘယ်လို အဆုံးသတ်မှာလဲ၊ ဆိုတာတွေ နဲ့ပတ်သက်လို့တော့ကျွန်တော် အသေအချာမပြောနိုင်ပါဘူး။ ဒါပေမဲ့ စကြ၀ဠာ ပြန့်ကားနေတဲ့အတွက် အရာအားလုံးကိုလွင့်စင်ထွက်စေလျက်ရှိပါတယ်။ အဲဒီဖြစ်စဉ်နဲ့ တစ်ဆက်တည်းမှာဘဲ စကြ၀ဠာ အတွင်းဒြပ်ဆွဲအား ကလည်း ယင်းပြန့်ကားလွင့်စင်နေတဲ့ အရာတွေကို ပြန်လည်ပေါင်းစည်းဖို့ အမြဲတန်းဆွဲငင်နေတာလည်းဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ လူသားတွေရဲ့ အနာဂတ် ကတော့ ဒီလွန်ဆွဲနေတဲ့အားနှစ်ခုဘယ် သူကနိုင်မလဲဆိုတာပေါ်မှာ ဘဲတည်မှီနေပါတယ် ဟုဆိုခဲ့သည်။

ရင်ဝသို့စူးဝင်နေသောမြားအား လှစ်လျှူရှုထားခဲ့သူ
အထက်ဖော်ပြပါတို့မှာစာရေးသူလေ့လာသိရှိရသော ဘာသာရေးဆိုင်ရာ ဖန်ဆင်းခြင်းအယူအဆများနှင့် အာကာသသိပ္ပံပညာရပ်တို့တွင် တည်ရှိနေသော သီအိုရီတို့ဖြစ်သည်။ စကြ၀ဠာကြီးစတင်ဖြစ်ပေါ်လာပုံအား ဘာသာရေးဆိုင်ရာအယူ အဆများနှင့် မိရိုးဖလာယုံကြည်ကိုးကွယ်မှုများကား အများအပြားပင်ကျန်ရှိနေသေး သည်။ သို့သော် စာရေးသူကား အထက်ဖော်ပြပါအတိုင်း ရင်ဝသို့စူးဝင်နေသောမြား အား ထုတ်ယူရန်မကျိုးစား ဘဲမြား၏လားရာ၊ မြားအားပစ်လွှတ်သူတို့ကိုသာ ရှာဖွေမြဲ ရှာဖွေလျက်ရှိနေတော့သည်။ သို့အတွက် ဤဆောင်းပါး အား မြတ်စွာဘုရား၏ ဟောဖော်ညွှန်ပြခဲ့သောမင်္ဂလာ တရားတစ်ခုနှင့်သာနိဂုံးချုပ် ရမည်ဖြစ်ပါ သည်။ ဗဟုသစ္စဉ္စ မင်္ဂလံ။ များပြားသောအကြားအမြင်ရှိခြင်းသည်မင်္ဂလာမည်၏။

မှီငြမ်းကိုးကားစာအုပ်များနှင့်ဝက်ဘ်ဆိုက်များ
- http://www.cs.williams.edu/~lindsey/myths/myths_16.html
- http://www.painsley.org.uk/re/signposts/y8/1-1creationan denvironment/c-hindu.htm
layout = standard / button_count [choose layout] show_faces = true / false [show picture] action = like / recommend [option : Like or Recommended button] colorscheme = light / dark [color] height: 60px [adjust height]